ရုပ်ရှင် ရွေးကောက်ပွဲကို ရုပ်ရှင်လောကသားတွေ စိတ်ဝင်စားစေချင်ကြောင်း ဥက္ကဋ္ဌ ဦးလူမင်း တိုက်တွန်း

0
288

Lu-Minnမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးချယ်ပွဲကို စက်တင်ဘာ နောက်ဆုံး အပတ်မှာ ကျင်းပပြုလုပ်နိုင်ဖို့ လျာထား ကြောင်း လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးလူမင်း ကပြောပါတယ်။ အမှုဆောင်သစ် ရွေးချယ်မယ့် ရွေးကောက်ပွဲ ကို ကော်မရှင် အဖွဲ့ဖွဲ့ထားပြီး ကော်မရှင် အဖွဲ့မှာလည်း ဦးလူမင်းက တာဝန် ထမ်းဆောင် သွားဦးမှာ ဖြစ်ပါ တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး “အစ်ကို ကတော့ နောက် သက်တမ်းမှာ အရွေးမခံတော့ဘူးလို့ ဆုံး ဖြတ်ထားတာ ဖြစ်တဲ့ အတွက်ရွေး ကောက်ပွဲကော်မရှင် မှာ တွဲဖက် အတွင်း ရေးမှုး ၁ အနေနဲ့  အစ်ကိုပါဝင်ဆောင် ရွက်နေပါတယ်။ အခု ပထမ အဆင့် အနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း တွေကို ရုပ်ရှင်အစည်းအရုံးမှာ ကပ် ပြီးတော့  ကြော်ငြာပေးပြီးသွားပါပြီ။ သတ်မှတ်တဲ့ အချိန်ပြည့် သွားလို့ရှိရင် အဆိုပြုလွှာတွေ စတင်ခေါ်ယူပါတော့ မယ်” လို့ ဥက္ကဋ္ဌ ဦးလူမင်းကပြောပါ တယ်။

ဦးလူမင်းကိုယ်တိုင် ရုပ်ရှင်အ စည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဆောင် ရွက်ခဲ့တဲ့သက်တမ်း ၂ခု အတွင်းမှာ ဆောင်ရွက်ခဲ့တာတွေ နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ အပြောချင်ဆုံး စကားက ဘာဖြစ်မလဲ ဆိုတာကို မေးမြန်းဖြစ်တဲ့အခါ “အစ်ကိုက သက်တမ်း ၂ဆက်လို မျိုးဖြစ်သွားတယ်။  အစ်ကိုတာဝန် ယူခဲ့တာလည်း ၄နှစ် ပြည့်သွားပြီ။ မည်သို့ပင် ဆိုစေကာမူ  အစ်ကိုက ကောင်းအောင် လုပ်နိုင်တယ်ပဲ ထား ဦး။ အပြောင်းအလဲ တစ်ခုကတော့ ပြောင်းလဲသင့်ပါတယ်။ အရင်က တော့ ၂ နှစ်တစ်ကြိမ်   အခုလက်ရှိ အစ်ကိုတို့ သက်တမ်း ကတော့ ၃နှစ် ၁ ကြိမ်ပါ။ ကိုယ့်ရဲ့ အကောင်းဆုံး ကိုတော့ ကိုယ်ကြိုးစားခဲ့တယ်ပေါ့ ။ ကိုယ့်ရဲ့ အကောင်းဆုံး ကိုယ့်ရဲ့ ကြိုး စားမှုဟာ လောကရဲ့ လိုအပ်ချက် မှန်သမျှကို ပြည့်မီအောင် ဆောင်ရွက် နိုင်ခဲ့မှုတော့ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကိုယ်သည် ကိုယ့်လိပ်ပြာ ကိုယ်သန့်စွာနဲ့ ရိုးသားစွာနဲ့တော့ ကိုယ် တတ်နိုင်သမျှ ကြိုးစား ဆောင် ရွက်ခဲ့ပါတယ်။ အစ်ကိုက ဒီ လောက် ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

နောက်ထပ်တက်လာမယ့် အမှု ဆောင်သစ် လက်ထက်မှာတော့ ဝင် ရောက် ရွေးချယ်ခြင်း မပြုလုပ်တော့ မယ့်လူမင်းက လက်ရှိ ဥက္ကဋ္ဌတစ် ယောက် အနေနဲ့ ရုပ်ရှင်လောကသား တွေကို မကြာမီ ပြုလုပ်တော့မယ့် ရွေး ကောက်ပွဲမှာ စိတ်ဝင်တစားနဲ့ ပူး ပေါင်း ပါဝင်ပေးကြဖို့ တိုက်တွန်း ထား ပါတယ်။

“အစ်ကိုတို့လောကမှာ ခက်နေ တာ တစ်ခု ရှိတာက မပြေလည်မှု အခက်အခဲ တစ်စုံ တစ်ရာ ရှိရင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဆိုတာက လက်ညှိုးထိုး ပြစ်တင် ဝေ ဖန်စရာ အစည်းအရုံးကြီး ဖြစ်နေ တယ်။ တကယ်တော့ အဲဒီလူတွေ အားလုံးသည် ဒီရုပ်ရှင် အစည်း အရုံး မှာ ဝင်ရောက်ပြီး တော့  ကိုယ်တက် စွမ်းသရွေ့ ဝင်ရောက်ပူးပေါင်း  ဆောင်ရွက်ခွင့် ရှိတဲ့အဖွဲ့အစည်း တစ်ခုဖြစ်တယ်။ မဲပေး ရွေးချယ်ရမယ့် ရွေး ကောက်ပွဲကို စိတ်ဝင်စားမှု အင်မတန် အားနည်းပါတယ်။ အစ်ကို အကယ်ဒမီပေးပွဲတုန်း ကလည်း ပြောခဲ့ပါတယ်။ တချို့က လည်း ပြောကြပါတယ်။ အစည်းအရုံးကြီး ဘာဖြစ်တယ် ညာဖြစ်တယ်။ ဒီအမှု ဆောင်တွေ ကလည်း ငါတို့ မဲပေးပြီး ရွေးထား တာ မဟုတ် ဘူး လို့ပြော ကြတယ်။ ကိုယ်ကိုယ် တိုင်ကမှ ကိုယ့်မဲလေး တစ်မဲကို တာ ဝန်ကျေ အောင် မဲမပေးဘူး ဆိုရင် တော့ ကိုယ် လိုချင်တဲ့ ကိုယ့်လောက အတွက်၊ ကိုယ့်အလွှာ အတွက် ဆောင်ရွက် ပေးနိုင်မယ့်သူကို ကိုယ့် စိတ်ကြိုက် တော့ရ မှာ မဟုတ်ဘူး။အဲဒီတော့ အားလုံးက တက်တက် ကြွ ကြွနဲ့ပြီးခဲ့တဲ့မြန်မာနိုင်ငံ အစိုးရအ သစ် ရွေးကောက်ပွဲတုန်း ကလို မျိုး လောက သားတွေ အားလုံး တက်ညီ လက်ညီနဲ့ စိတ်ပါဝင်စားပြီး ဝိုင်းဝန်း မဲပေး ရွေးချယ်ကြပါမှ တကယ့်အင် ပြည့်အားပြည့်နဲ့ ရုပ်ရှင် အစည်း အရုံး အမှုဆောင်သစ် အဖွဲ့ကြီးဆိုတာ ပေါ် လာမှာပါ။ အရင်နှစ်တွေ က တစ်ခါမှ မလုပ်ဆောင်ဖူးတဲ့ လှုံ့ဆော် ရေးတွေ လုပ်ဖို့ရှိတယ်။ စိတ်ကတော့ မဝင်စား ဘူး။ အစ်ကိုတို့ဖေ့ဘုတ် ခေတ်ကြီးမှာ မြန်မာနိုင်ငံ ဘယ်မှာပဲ ဖြစ်ဖြစ် အက်စီးဒင့် တစ်ခုဖြစ်ရင် တောင် တစ် တိုင်းပြည်လုံး သိရတဲ့ ခေတ်မှာ ဒီရွေးကောက်ပွဲ ကို မည်သို့ပင် လှုံ့ဆော်စေကာမှု စိတ်မဝင်စားတဲ့ သူက စိတ်မဝင်စားဘူး။ အဲဒီတော့ ပြီးခါမှသာ အားမလို အားမရတွေ ဖြစ်ကြမယ့်အစား ရွေးကောက်ပွဲလေး ကို စိတ်ပါဝင် စားစွာ ဝိုင်းဝန်း ရွေးချယ် ပေးကြဖို့ အစ်ကိုက အဓိကတိုက် တွန်းချင်ပါတယ်။ ဒါမှလည်း အများ ရဲ့ဆန္ဒနဲ့ ရွေးကောက် တင် မြှောက်ခံ ရတဲ့ အမှုဆောင် အဖွဲ့သစ် ဆိုတာ ဖြစ်လာမှာ ပါ” လို့ပြောပြခဲ့ပါ တယ်။ အမှုဆောင် သစ်ရွေးချယ်ဖို့ အတွက် ကိုလာမယ့် ရှေ့တစ်ပတ်ထဲမှာ ခေါ်ယူ သွားမှာဖြစ် ပြီး အရွေး ချယ်ခံ မယ့်သူများအတွက် ကိုလည်း စည်း ကမ်းချက် တစ်ခု ထပ်မံတိုးထား ကြောင်းကို ဦးလူမင်းက

“အရွေးချယ်ခံရမယ့် ပုဂ္ဂိုလ်တွေ ကိုတော့ သူ့ရဲ့အရည်အချင်းသတ် မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ  အဓိက သရုပ်ဆောင် နေရာကနေ ရွေးမယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ဘယ်နှကား၊ ဗီဒီယို ဘယ်နှကား ရိုက်ဖူးတဲ့သူဖြစ်ရမယ်။ ထုတ်လုပ်သူ ဆိုလည်းဒီလိုပဲ။ ဒီနှစ်မှာတော့ စည်း ကမ်းချက်တစ်ချက် ထပ်တိုးမှာက အဲဒီလို  ဇာတ်ကားအရေအတွက် ပြည့်မီအောင် ရိုက်ဖူးသူလည်း ဖြစ်ရ မယ့် အပြင်ဒီလုပ်ငန်းအတွေ့ အကြုံ အနည်း ဆုံး ၅ နှစ်ရှိတဲ့သူမှ ရွေးချယ် ခံခွင့် ရှိမယ်ဆိုတဲ့ စည်းကမ်း ချက် တစ်ချက်ကိုတော့ ကော်မရှင်က ပြီးခဲ့တဲ့အစည်းအဝေးမှာ ထပ်တိုး ထားပါတယ်။ဘာလို့ လဲဆိုတော့ ကိုယ့်လောက၊ ကိုယ့်အလွှာကို ဦး ဆောင်ဦးရွက်ပြုမယ့်သူက ဒီလောက် မှ ဒီလောက အတွေ့ အကြုံ မရှိဘဲနဲ့ တော့ ဦးဆောင်နိုင်ဖို့ မလွယ်ဖူးဆိုပြီး ကော်မရှင်မှာဝိုင်း ဝန်းဆွေးနွေး အကြံပြုကြတာနဲ့ အဲဒီ စည်းကမ်းချက် ကိုတော့ ထပ် ဖြည့် ထားပါတယ်။ ဒီခေတ်မှာတော့ ဒီစည်းကမ်းချက် ကလည်း မခဲယဉ်း ပါဘူး။ အရေးကြီး တာက အရွေးခံ မယ့်သူ အများကြီး ထဲက မဲပေးတဲ့ သူတွေက စိတ်ကြိုက် ရွေးချယ်ခွင့် ရတာမျိုး အစ်ကို ဖြစ်စေ ချင်ပါတယ်။ အစ်ကိုထင် တယ် ရွေးချယ်ခံမယ့် သူက အစ်ကို ကြားသ လောက်က အားနည်း နေသေးတယ်။ အဲဒီတော့ လောက သားတွေ ပြောကြ တယ်။ ဒီလူ၊ ဒီလူပဲ လို့ပြောကြတယ်။ အဲဒီတော့ အရွေး ခံရမယ့် သူမှမရှိရင် ဘယ်လိုလူကို မဲပေးတဲ့ သူက ရွေးချယ်ကြမှာလဲ။ မဲ ပေးတဲ့သူက လည်း မဲပေးရမှာ ဖြစ်သလို ကိုယ့် အလွှာလိုက်ရွေး ချယ်ခံနိုင်တဲ့သူ တွေကိုလည်း ဝိုင်းဝန်း ဆွေးနွေးကြဖို့ တိုက်တွန်းကြဖို့တော့ လိုပါတယ်။ အခုတော့ အစ်ကိုတို့မခေါ်သေးဘူး။ ရှေ့တစ်ပတ် လောက်တော့ စခေါ် မယ်” လို ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here