ဒါရိုက်တာ စတီးလ်နဲ့ ဇာတ်ကားရိုက်ကူးမှုများ ရခြင်းအကြောင်း ပြောပြတဲ့ရွှေသမီး

0
337

ZAW_2967အခုနှစ်ပိုင်းထဲမှာ  ဒါရိုက်တာ  စတီးလ် ရိုက်ကူးတဲ့  ဇာတ်ကားတိုင်းမှာ ရွှေသမီး အမြဲပါဝင် သရုပ်ဆောင်နေတာကို တွေ့မြင်နေ ရပါတယ်။ ဒီလိုပါဝင် သရုပ်ဆောင် ခွင့် ရနေရတဲ့ အကြောင်းကို တော့ရွှေသမီး က ……

“ဦးစတီးလ်နဲ့က ညီမ ဆုံလာ တာ ၃ကား ၄ကားလောက်ရှိပြီ ။ကိုယ်ကလည်း ရိုက်ရတာ အဆင်ပြေ တယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်က လည်း ဒီကာရိုက်တာ တစ်ခု အပေါ် မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ လာအပ်ပြီ၊ လာပြောပြီဆို ကိုယ်က လည်း လုပ်နိုင်တာ မလုပ်နိုင်တာကို သေချာလေး စဉ်းစားတယ်။ ပြီးတော့ ဒီအနုပညာရပ်မှာ တအားကို အား နည်းသေးတယ်၊ လေ့လာစရာ သင် ယူစရာတွေလည်း အများကြီး ရှိသေး တယ်။

အဲဒီအတွက် တအားတာဝန် ကြီးတဲ့ ကာရိုက်တာကျတော့လည်း ခဏခဏတော့ စဉ်းစားရတယ်၊ တော်တော်လေး စဉ်းစားရတယ်။ ဦးစတီးလ်နဲ့ အရိုက်များတယ် ဆိုတာကလည်း ခုနကပြောသလို အသစ်တစ်ယောက် အနေနဲ့ ကြိုး စားရတယ်။ ကြိုးစားတော့ သဘော ကျတယ်ပေါ့နော်။ အဲဒီတော့ လက်တွဲပြီးတော့မှ ဇာတ်ကားရိုက် ကလေးတွေ နည်းနည်း စိပ်နေတာ ပေါ့နော်”လို့ ပြောပြခဲ့ပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here