မြို့ ပြက မှောက်သွန်လိုက်တဲ့
အဟောင်းထဲက အသစ်တွေ့
သွေးစစ်နေစရာတောင် မလိုဘူး။
နေရာဇစ်မြစ်က
ဝလာပြီး ဖောင်းကားထွက်လာတဲ့ စနစ်။
ကျုပ်တို့ အဖြစ်များ
အောင့်သက်သက်နဲ့ပဲ ကြိတ်ချစ်နေခဲ့ရ။
တကယ်တော့
ကျုပ်တို့ ချစ်တဲ့ မန္တလေးက
‘ဧည့်သည်လာ အိမ်ရှင်ပြေး’
ခပ်ငယ်ငယ်က ကစားကွင်းလေးလို … ။ ။
အဲဒီလို
နီးလျက်နဲ့ ဝေးဝေးလာတိုင်း
ကျုပ်တို့ ရင်ဖိုလို့ စာဆိုနေခဲ့ရ။
ညိုချောရေ …
မြို့ ပြရဲ့ ရင်ပြင်ဟာ
တစ်နေ့တခြား ဖောင်းကြွလို့
အခွင့်တင် နေရာယူချင်သူတွေက
ပေါလွန်းလှရဲ့ ။
အထဝါစိုး( မန္တလေး)