ပရိသတ် အတွက် တာဝန် ကျေပွန်တဲ့ သရုပ် ဆောင် တစ်ဦး ဖြစ်ချင်တယ် ပိုင်ဖြိုးသု

0
261

Paing-Phyo-Thu

အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီးတစ်လက်ဖြစ်တဲ့ ပိုင်ဖြိုးသုက တော့ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးဖြစ်နေပြီး ပရိသတ်အသိ အမှတ်ပြုစ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမတို့ကိုယ်တိုင် ဦးဆောင်ရိုက်ကူး ခဲ့ပြီး သူမပါဝင် သရုပ်ဆောင်ထားတဲ့ ‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင်ဇာတ်ကားဆိုရင်လည်း ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ နောက်ထပ်ကိုယ်တိုင် ဦးဆောင်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ကား တွေ ရှိသေးလားလို့ မေးမြန်းခဲ့ရာ …..

“ကိုယ်တိုင်ဦးဆောင်ပြီး ရိုက်ကူးဖို့ စီစဉ်ထားတာ နှစ်ကားရှိပါ တယ်။ တစ်ကားက ဒါရိုက်တာ ကိုသားညီနဲ့ ရိုက်ဖို့စီစဉ်ထားပါတယ်။ အဲဒီဇာတ်ကားလေးက ကျောင်းသား လူငယ်ဇာတ်လမ်းလေးပေါ့။ တက္ကသိုလ်ကို ပြန်လွမ်းပြီး ရိုက်ကူးရမယ့်ဇာတ်ကားပေါ့။ နောက် တစ်ကားကတော့ ဆရာမကြည်အေး ဝတ္ထု ကို ဒါရိုက်တာ ကိုသားကြီးနဲ့ ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ ညီမကြိုက်တဲ့ ဇာတ်တွေပါ။ ညီမကိုယ်တိုင် ပါဝင်သရုပ်ဆောင်မယ်။ နောက်ပြီး တခြား  Actor  ကြီး တွေလည်း ပါဝင်မှာပါ။ ကိုသားညီနဲ့ ဇာတ် ကားက ၉လပိုင်းလောက် ရိုက်ကူးဖြစ်မှာပါ။ ကိုသားကြီးနဲ့ ဇာတ် ကားကတော့ ၁၁ လပိုင်းလောက် ရိုက်ကူးဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။

ကိုယ်တိုင်ဦးဆောင်ရိုက်ကူးရတဲ့ ဇာတ်ကားတွေက Pressure  များပါတယ်ဆိုတဲ့ ပိုင်ဖြိုးသုက “ကိုယ်က Actor အနေနဲ့ပဲ လုပ်ရတဲ့ဇာတ်ကားတွေက ကိုယ်သရုပ်ဆောင် မယ့် ကာရိုက်တာတစ်ခုပဲ စိတ်ထဲထည့်ရတယ်။ ကိုယ်တိုင် ဦးဆောင်ရိုက်ကူးရတဲ့ ဇာတ်ကားကျတော့ ညီမအတွက် Pressure ပိုများတယ်။ အဲဒီလိုဇာတ်ကားတွေကိုတော့ Actor တွေကအစ ညီမကိုယ်တိုင်ပဲ လိုက်ဆက်သွယ် ရတယ်။ ရိုက်ကူး ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာ တော့ ပရိသတ်အတွက် တာဝန်ကျေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်အောင် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သလောက် အစွမ်းကုန်ကြိုးစားပြီး သရုပ်ဆောင်ပါတယ်”လို့ ပြောပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here