ဂျပန်နဲ့ ကိုရီးယားကို မိသားစုနဲ့အတူ အလည်အပတ် ခရီးသွားမယ့် နန်းဆုရတီစိုး

0
304

Nan-Su-1-(3)နန်းဆုရတီစိုးက သူ့ရဲ့မွေးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၈ ရက်မှာ ပရိသတ်တွေ အတွက် သီချင်းတစ်ပုဒ် လက်ဆောင်ပေး မယ်လို့ သိရပါတယ်။ မိသားစုနဲ့အတူ ဂျပန် နဲ့ကိုရီးယားကို အလည်အပတ် ခရီးလည်း သွားရောက်မှာဖြစ်တာကြောင့် သီချင်းအတွက် အချိန်တစ်ပတ် ပဲရတယ်လို့ နန်းဆုရတီစိုးက ဆိုပါတယ်။ မွေးနေ့မှာ အွန်လိုင်းကနေ လက်ဆောင် ပေးသွားမယ့် သီချင်း အကြောင်းကိုတော့ …

“နန်းဆုရဲ့တစ်ကိုယ်တော် စီးရီးခွေလေး မထွက်ရှိခင် ပရိသတ်တွေ အတွက် သီချင်းလက်ဆောင် ပေးမှာပါရှင့်။ သီချင်း လေးကတော့ အချစ်သီချင်းလေးပါပဲ။ သီချင်းသွင်းတဲ့ အသံပိုင်း ဆိုင်ရာတော့ အဆင်ပြေပါတယ်။ ရိုက်ကူးရေးမီရင်တော့ တစ် ခါတည်း ပြုလုပ်မှာပါ။ အဲဒီ မတိုင်ခင်မှာလည်း နန်းဆုက မိသားစုနဲ့ ခရီးသွားဖို့ ရှိပါတယ်။ နန်းဆုရဲ့မောင်လေးက ကျောင်းတစ် လပိတ်တော့ ဂျပန်နဲ့ ကိုရီးယား ကို မိသားစု အလည်အပတ် ခရီးလေး ပေါ့။ လေ့လာရေးလည်း ပါပါတယ်။ နန်းဆုအတွက် ကတော့ ရိုက်ကူးရေး အလုပ်တွေလည်း ပါတယ်။ ဒီခရီးက ပြန်လာရင်တော့ အချိန် တစ်ပတ်ရ တယ်။ အဲဒီတစ်ပတ် အတွင်းမှာ ပြုလုပ်မှာပါ။ နန်းဆု အရင်ကနဲ့ မတူအောင် ပုံစံသစ်လေးနဲ့ အကောင်းဆုံး ကြိုးစားပါတယ်။ ပရိသတ်ကို ကတိတော့ မပေးရဲသေးပေမယ့် အမှတ်တရလေးဖြစ်အောင်လို့ နန်းဆု ကြိုးစားသွား မှာပါ”လို့ နန်းဆုရတီစိုး ပြောပြပါတယ်။

လက်ရှိမှာ နန်းဆုရတီစိုးပါဝင် သရုပ်ဆောင်ထားတဲ့ “တစ္ဆေပျောက် ကြော်ငြာ” ရုပ်သံဇာတ်လမ်းတွဲက ထုတ်လွှင့် ပြသလျက်ရှိပြီး နန်းဆုရတီစိုး လည်း ကြည့်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲက နန်းဆုရတီစိုးအတွက်တော့ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်ပြီး နောက်ထပ်လည်း ဇာတ်လမ်းတွဲ အတွက် လာရောက် ကမ်းလှမ်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

“တစ္ဆေပျောက် ကြော်ငြာ ကတော့ MNTV မှာ ထုတ်လွှင့်ပြသလာတာ ကြာ ပါပြီ။ နန်းဆု ကိုယ်တိုင်ကတော့ နှစ်ပိုင်းလောက် ပဲကြည့်ဖြစ်ပါတယ်။ အချိန်မတိုက် ဆိုင်တာတွေ၊ ထုတ်လွှင့်ပြသနေတဲ့ အချိန် အိမ်မှာ မရှိဖြစ်တာတွေကြောင့် မကြည့် ဖြစ်တာပါ။ နန်းဆုရဲ့ ပရိသတ်တွေ ကတော့ ကြည့်ကြတယ် လို့ ပြောကြတယ်။ ဒီ ဇာတ်ကားက နန်းဆု အတွက်တော့ ပထမဆုံး ဇာတ်လမ်းတွဲပါပဲ။ ဒီအတွက် ပရိ သတ်တွေ ကြည့်ပြီး အတိုင်းအတာ တစ်ခုအထိ အားပေးကြတယ် ဆိုတော့ နန်းဆု ဝမ်းသာရတယ်။ နောက်ထပ်လည်း နန်းဆုကို လာကမ်းလှမ်းတဲ့ ဇာတ်လမ်းတွဲလေး တွေရှိပါတယ်။ ရက်ရှည် ညှိလို့ရတဲ့ ဇာတ်လမ်းတွဲမျိုး ဆိုရင်တော့ နန်းဆုထပ်ပြီး ရိုက်ကူးဖြစ်ဦးမှာပါရှင့်” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

နန်းဆုရတီစိုးက လတ်တလော မှာတော့ တီဗီကြော်ငြာလေးတွေ ရိုက်ကူးနေတယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here