၁၉ နှစ်ပြည့် မွေးနေ့မှာ ရွှေအိမ်စည် ဘာမျှော်လင့်လဲ

0
252

Shwe-Eai-SiiMiss Grand Myanmar 2017 အလှမယ် ရွှေအိမ်စည်က ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Miss Grand International 2017 ပြိုင်ပွဲကို အောက်တိုဘာလ မှာ သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ အတွက် အောက်တိုဘာလ ၅ရက်နေ့မှာ မြန်မာနိုင်ငံကနေ စတင် ထွက်ခွာရမှာဖြစ်ပြီး Miss Grand International 2017 ဖိုင်နယ်ပွဲ ကတော့ သူ့ရဲ့ ၁၉နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ အောက် တိုဘာလ ၂၅ရက်နေ့မှာ ယှဉ်ပြိုင်ရ မှာဖြစ်ကြောင်း သိရပါတယ်။

“မှတ်မှတ်ရရ ဆိုတော့ တကယ်ကို ဆုရချင်တယ်။ အဲဒါမှလည်း နောက်နှစ်မွေး နေ့တွေ ရောက်လာ လို့ရှိရင် အရင်နှစ်က crown  ရခဲ့တဲ့နှစ်နဲ့ မွေးနေ့နှစ်နဲ့ ကိုက်ညီတယ် ဆိုပြီး ပြော လို့ရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း လိုအပ်တာ ရှိတဲ့ အတွက် စိတ်ဓာတ်လေးတွေ ပြင်ဆင် ထားပါတယ်”လို့ သူ့ရဲ့မွေးနေ့မှာ အမှတ် တရ အနေနဲ့ သရဖူဆုကို ရချင်မိတယ်လို့ အလှမယ် ရွှေအိမ်စည် က ပြောပါတယ်။ ရွှေအိမ်စည်က Miss Grand International 2017  ပြိုင်ပွဲမှာ National Costume  ဝတ်စုံကို ပုဂံခေတ်က မင်းသမီး ဝတ်စုံနဲ့ ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ အတွက်လည်း ခန္ဓာကိုယ်လေ့ကျင့်မှုတွေနဲ့ ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ်လျက် ရှိပါတယ်။ ပြိုင်ပွဲ အတွက် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု အပြည့်ရှိနေတဲ့ ရွှေအိမ်စည်က…

“အိမ်စည် ဒီပြိုင်ပွဲမှာ အကောင်းဆုံး လုပ်နိုင်မယ်လို့ အိမ်စည့် ကိုယ်အိမ်စည် ယုံကြည်ပါတယ်။ပရိသတ်တွေ ယုံကြည်သလို အိမ်စည် ကိုယ်အိမ်စည်လည်း ယုံကြည်မှုရှိပါတယ်။ ပရိသတ်တွေ အားလုံးအတွက် မျှော်လင့်တာပေါ့နော်။ ကိုယ့်မွေးနေ့လည်း ရှိနေတော့ မျှော်လင့်ချက်ကို တအားကြီးလည်း မထားချင်ဘူး။ ဒါပေမဲ့ ရလည်းရချင်တဲ့ စိတ်လည်းရှိတော့ ဒီပြိုင်ပွဲ အတွက် အကောင်းဆုံး ကြိုးစား သွားမှာပါ။ ပရိသတ်တွေ အနေနဲ့ အိမ်စည့်ကို အကောင်း ဆုံးပံ့ပိုးပေးပြီး အိမ်စည်လည်း အကောင်းဆုံး ကြိုးစားသွားမယ် ဆိုရင် ဘာပဲပြောပြော crown ရမယ်လို့ထင်ပါတယ်”လို့ ပြောပါ တယ်။ ရွှေအိမ်စည်က Miss Grand International 2017 ပြိုင်ပွဲပြီးရင် ရုပ်ရှင်ဇာတ် ကားကြီးတွေ ရိုက်ကူးဖို့ အနည်း ငယ်ရှိတယ်လို့ သိရပါတယ်။ သူနဲ့လိုက် ဖက်တဲ့ ကာရိုက်တာ ဆိုရင် ရိုက်ကူး သွား မှာဖြစ်ပြီး သရုပ်ဆောင် ပိုင်းကို ဦးတည်သွားဖို့ ရည်ရွယ်ချက် မရှိဘဲ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦး၊ နိုင်ငံတကာ အလှမယ်တစ်ဦး အနေနဲ့သာ အသိမှတ်ပြုစေချင်တယ် လို့ ဆိုပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here