မလေးရှားနိုင်ငံမှာ မြန်မာဘောလုံး အသင်းကို အားပေးရင်း ဆီးဂိမ်း အတွက် ရိုက်ကူးရေးတွေ လုပ်နေတဲ့ စည်သူမောင်

0
111

Cthumgသရုပ်ဆောင် စည်သူမောင်က ဆီးဂိမ်းအစီအစဉ်နှစ်ခုနဲ့ အွန်လိုင်း ပေါ်က လက်ရွေးစင် page  ရိုက်ကူး ရေးတို့ အတွက် သြဂုတ်လ ၁ဝရက်နေ့ က မလေးရှား နိုင်ငံကို ရောက်ရှိနေ ပါတယ်။ ဒီလိုရောက်ရှိနေတဲ့ အချိန် မှာပဲ မြန်မာဘောလုံးပွဲကို တိုက်ရိုက် ထုတ်လွှင့်ခွင့် မပေးတဲ့ အတွက် မြန်မာ ပြည်က ပရိသတ်တွေ ကြည့်ရှုလို့ရ အောင် အွန်လိုင်း Live Stream က တစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခဲ့တယ် လို့ စည်သူမောင်က ပြောပါတယ်။

“မြန်မာ့အသံမှာ ဆီးဂိမ်း အစီ အစဉ် ၂ ခုဖြစ်တဲ့ road to sea Games နဲ့ Football Magazine  တွေ ပြသဖို့အတွက်နဲ့ လက်ရွေးစင် page အတွက်လာတာပါ။ ဖြစ်ချင် တော့ မြန်မာဘောလုံးပွဲ နှစ်ပွဲကို ပေး မရိုက်တော့ မြန်မာတွေ ကြည့်ဖို့ ဘောလုံးအဖွဲ့ချုပ်က ကြိုးစား တာ ရ သွားတယ်။ အစ်ကို တို့ဆီမှာလည်း live လွှင့်တဲ့စက်တွေ တစ်ခါတည်း ပါ လာတော့ မြန်မာ့ အသံနဲ့ ချိတ်ပြီး တစ်တိုင်းပြည်လုံး ကြည့်လို့ရအောင် အစ်ကိုတို့အဖွဲ့ ရိုက်ကူးထုတ်လွှင့် နိုင်ခဲ့တယ်။ အခု MRTV ကပြတဲ့ ဘောလုံးပွဲက အစ်ကို တို့နဲ့ချိတ်ပီး live stream ကနေအစအဆုံး  link  ချိတ်ပြခဲ့တာပါ။ ဆီးဂိမ်းပွဲ အစ အဆုံးပြီးတဲ့အထိ အစ်ကို နဲ့အတူ “လက်ရွေးစင်” အဖွဲ့သားတွေ မလေး ရှား မှာနေပြီးတော့ သတင်းတွေ တင် ဆက်ပေးနေမှာပါ။ မနေ့ကတော့ မြန်မာနိုင်ငံသားတွေ ပိုက်ဆံမကုန် ဖုန်းလေး နဲ့ကြည့်စရာမလိုဘဲ MRTV   ကနေ အားရပါးရကြည့်  ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့လို့  တကယ်ကျေနပ်မိ တယ်” လို့ ပြောပါတယ်။ စည်သူ မောင်က ရိုက်ကူးရေး လုပ်နေ ရင်း နဲ့ ပင်ပန်းပြီး ဖျားနေတဲ့ အတွက် လက် ရွေးစင်ဘောလုံး အသင်းရဲ့ ဆရာဝန် က သြဂုတ်လ ၁၆ရက် နေ့ညက ဆေး ကုပေးထားရတယ်လို့ သိရပါတယ်။

အခုလက်ရှိ မြန်မာဘောလုံး အသင်းရဲ့ အခြေအနေအပေါ်ကို စည်သူမောင်က “ပထမနေ့က အရမ်းကောင်း တယ်။ မိနစ် ၈ဝ နောက်ပိုင်း သက်လုံ နည်းနည်းကျ သွားတာတွေ့ရတယ်။ လာအိုနဲ့ပွဲမှာတော့ တစ်ဦးချင်းရော၊ အသင်းလိုက် အပေးအယူမှာပါ လာအို ထက် သာပါတယ်။ ဒါပေမဲ့ နည်းနည်း အမှားများနေတယ်။ ကိုယ့်ထက်နိမ့်တဲ့ အသင်းမို့ ခံသာ နေတာ။ ဒုတိယပိုင်း အစမှာ လူစား လဲတဲ့နေရာ မှာလည်း အမှားအယွင်း အနည်းငယ်ရှိတယ် လို့ထင်တယ်။ ကစားသမား အနည်းစုပဲ ပုံမှန်ခြေ စွမ်းမှာရှိပြီး အများစုက ပုံမှန်ခြေ စွမ်းအောက် ရောက်နေတယ်။ တစ်ဖက် အသင်းကိုလည်း လျှော့ တွက်မိနေလားလို့ပါ။ ဂိုးပေးလိုက် ရပြီးမှ အသည်းအသန် ပြန် ကစားပြီး ပွဲပြီးခါနီး လူစားလဲမှု မှန်ကန်တယ် ပြောရမယ် ။ စိတ်ခံစားချက်ကို အမြင့် ဆုံးအထိ ဆွဲခေါ်သွားပြီး ပျော်ရွှင်မှု တွေပေးနိုင်ခဲ့ ပါတယ်။ ကစားသမား တချို့ ဒုတိယပိုင်း ပြီးခါနီးမှာလည်း သက်လုံတွေ ကျလာတာတွေ့ရတယ်။ စိတ်ဓာတ် နဲ့ညှစ်ပြီးတွန်းကစားလို့ သာ ခုလို အဖြေထွက်လာတာပါ” လို့ သုံးသပ်ခဲ့ပါတယ်။

မြန်မာဘောလုံး အသင်းကို မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေ ကလည်း အခက် အခဲတွေကြားက အားပေးခဲ့ကြတယ် လို့ ဆိုပါတယ်။

“တချို့တွေဆိုရင် ခိုးနေတာ နေထိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ အရဲ စွန့်ပြီး လာအားပေးကြတယ်။ တချို့ က စက်ရုံပိတ်ပြီး ကား ၈စီးစာ၊ တချို့ဆို ကား ၅နာရီ ၆နာရီ စီးပြီး လာ အားပေးကြရတာ။ ဒါပေမဲ့   ဘောလုံးပွဲ လက်မှတ်ကို လိုသလောက် မရောင်းပေးကြလို့ မနေ့ကဆို အပြင် ဘက်မှာ ကြည့်နေရတဲ့ ပရိသတ် တွေလည်း တွေ့မှာပါ။ ဘောလုံးအဖွဲ့ ချုပ် တာဝန်ရှိသူတွေ အဲဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစားနေ ကြပါ တယ်။ သူ တို့ခမျာ တကူးတက လာပြီးမှ ဝင် ခွင့်မပေး၊ လက်မှတ်မရောင်းပေးတာ တအားသနားဖို့ ကောင်းပါတယ်။ မလေးရှား ပွဲစီစဉ် သူတွေ ဘယ်လို လုပ်နေလဲတော့ အစ်ကိုမသိဘူး။ တာဝန်ရှိသူတွေဖြေရှင်းဖို့ လုပ်နေကြပါတယ်” လို့ပြောပါတယ်။ မြန်မာ ဘောလုံး အသင်း အနေနဲ့ ရွှေရရှိဖို့ မျှော်လင့်ချက်ရှိနေပြီး ဆီးဂိမ်းကစား သမား အားလုံး ကတော့ ရွှေဆုရ အောင် ကြိုးစား ယှဉ်ပြိုင်နေတဲ့သူ တွေမို့ ရည်မှန်းချက်အတိုင်း အောင် မြင်ပါစေလို့ ဆုတောင်းစကား ပြော ခဲ့ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here