မြားပစ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဘိလိယက်၊ သေနတ်ပစ်၊ ဝူရှူး၊ ဂျူဒို စတဲ့ကစားနည်းတွေနဲ့ ဆုအများဆုံးယူဖို့ မှန်းထား

0
366
Sea-game-1-(1)
သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ LED ဖြင့် ပြသနေသည်ကို ကြည့်ရှုနေကြတဲ့ မြန်မာ ပရိသတ်များ

မလေးရှာနိုင်ငံမှာ ကျင်းပ ပြုလုပ်လျှက်ရှိတဲ့ ၂၉ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံ အနေနဲ့ အားကစားနည်း ၂၉မျိုးနဲ့ ဝင်ရောက် ယှဉ်ပြိုင် သွားမယ်လို့ သိရပါတယ်။ ဒီနှစ်ဆီးဂိမ်း ပြိုင်ပွဲ မှာလည်း အရင် နှစ် ဆီးဂိမ်းပြိုင်ပွဲ ထက် ဆုတံဆိပ် တွေ မနည်းရအောင် ကြိုးစား သွားမှာ ဖြစ်တယ်လို့ အားကစား လေ့ကျင့် ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး (ယှဉ်/လေ့- ၂) က ပြောပါတယ်။ အားကစား နည်း ၂၉ မျိုးမှာ ဆုတံဆိပ် အများဆုံး မှန်း ထားတဲ့ အားကစားနည်းတွေ အကြောင်းကို ညွှန်ကြားရေးမှူး (ယှဉ်/လေ့ -၂) ဦးကျော်ဇင်မိုးက

“မြားပစ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဘိလိယက်၊ သေနတ်ပစ်၊ ဝူရှူး၊ ဂျူဒို စတဲ့ကစားနည်းတွေနဲ့ အများဆုံးယူဖို့ မှန်းထားပါတယ်” လို့ ဦးကျော်ဇင်မိုး က ပြောပါတယ်။

မြန်မာ ပရိသတ် အနေနဲ့ မြန်မာနိုင်ငံ အတွက် ကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် အားကစားသမား တွေကို အားပေးဖို့ အတွက်ကိုလည်း ဦးကျော်ဇင်မိုးက

“ကိုယ့်နိုင်ငံ အတွက် ကိုယ်စား ပြုပြီး အားကစား လုပ်ကြမယ့် အား ကစားသမားတွေကို နိုင်ငံချစ်သူ တိုင်း အားကစား ချစ်သူတိုင်း က မဖြစ်မနေ အားပေး မှုက လုပ်သင့် တယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ ဦးကျော်ဇင်မိုး က ပြောပါတယ်။

မြန်မာ ဘောလုံးအသင်း ပါဝင် တဲ့ အုပ်စုပွဲစဉ် ၄ ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ LED Board  နဲ့ ပြသသွားမှာ ဖြစ်သလို မန္တလေးမြို့၊ မနော်ရမ္မံ ကွင်းမှာလည်း ပြသသွားခဲ့ ပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပလျှက် ရှိတဲ့ ဆီးဂိမ်းပြိုင်ပွဲ ရဲ့ ရိုးရာခြင်းလုံး Event 4 ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာက လာအို အသင်းကို ၁၄၉ မှတ်၁၄၈မှတ်နဲ့ ကပ်အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ်လ (၁၆) ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရိုးရာခြင်းလုံး Event2 ပြိုင်ပွဲမှာလည်း မြန်မာ အသင်းက ထိုင်းအသင်းကို ၃၁၇ မှတ်၊ ၃ဝ၃ မှတ်နဲ့ အနိုင်ယူပြီး ရွှေတံ ဆိပ်ဆု ရယူပေးထားပါတယ်။ မြန်မာ ပရိသတ်တွေအနေနဲ့ မလေးရှား နိုင်ငံမှာပြုလုပ်လျှက်ရှိတဲ့ ၂၉ ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲကို နိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်အား ကစားသမားများကိုလည်း သောင်း သောင်းဖြဖြ အားပေးနေလျှက်ရှိ ပြီး ပြိုင်ပွဲတိုင်းမှာ ရွှေတံဆိပ် များဆွတ် ခူးရရှိနိုင်ဖို့အတွက် လည်းမျှော်လင့် အားထား လျှက်ရှိပါတယ်။
မျိုးကျော်(ကနောင်သွေး)

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here