အားကစား နည်း ၃၈မျိုး ယှဉ်ပြိုင် ကစားသွားမည့် ၂၉ ကြိမ်မြောက် မလေးရှား ဆီးဂိမ်း

0
265

KLမလေးရှားနိုင်ငံသည် နှစ်ပေါင်း ၁၆နှစ်အကြာတွင် ဆီးဂိမ်းပြိုင် ပွဲအား အိမ်ရှင် အဖြစ်ပြန်လည် ကျင်းပခြင်းဖြစ်ကာ မလေးရှား နိုင်ငံ အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို ၁၉၆၅ခုနှစ်၊ ၁၉၇၁ခုနှစ်၊ ၁၉၇၇ ခုနှစ်၊ ၁၉၈၉ခုနှစ် နှင့်၂ဝဝ၁ ခုနှစ်တို့တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့ သည်။

ယခုနှစ်၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင်လည်း မလေးရှား နိုင်ငံအနေနှင့် အိမ်ရှင်ပီပီ ရွှေများစွာ ဆွတ်ခူးနိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်သည်။ ၂၉ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ကွာလာလမ်ပူမြို့တွင် အဓိက ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ဘူကစ်ဂျာလီ ကွင်းတွင် ကျင်းပရန် စီစဉ်ထား ကြောင်း သိရသည်။ ပြိုင်ပွဲ ကိုတော့ သြဂုတ်လ ၁၉ ရက်မှ ၃ဝ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ဘောလုံးပြိုင်ပွဲ ကိုတော့ သြဂုတ်လ ၁၄ရက်နေ့တွင် စတင်နေပြီ ဖြစ်သည်။ ၂၉ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရေကူး/ ဒိုင်ဗင် ၊မြားပစ်၊ ပြေးခုန်ပစ်၊ ကြက် တောင်၊ ဘတ်စကတ်ဘော၊ ဘိလိ ယက်၊ ဘိုးလင်း၊ လက်ဝှေ့၊ ခရစ်ကတ်၊ ဓားရေး၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ ဝူရှူး၊ဟော်ကီ၊ ဂျုဒို၊ ကရာတေးဒို၊ ပီတန်း၊ ရွက်လှေ၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော် ခြင်း/ခြင်းလုံး၊ သေနတ်ပစ်၊ Squash၊ တင်းနစ်၊ တိုက်ကွမ်ဒို၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ အလေးမ၊ မြင်းစီး၊ ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်၊ Lawn Bowls၊ မွေလက်ဝှေ့၊ Netball၊ ပန်ကြပ်ဆီလတ်၊ Waterskiing၊ ရပ်ဘီ စတဲ့ အားကစားနည်းတွေကို ပြုလုပ် သွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံ တွင် ကျင်းပ မည့် ၂၉ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အရှေ့တောင် အာရှ ၁၁နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ ပြိုင်ပွဲဝင် စုစု ပေါင်း ၄ဝဝဝကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အားကစားနည်း ၃၈မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄ဝ၄မျိုး ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် အားကစား သမား ၃၈၄ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ အားကစား နည်း၂၉မျိုးတွင် ပါဝင်ယှဉ်ပြိုင် မည် ဖြစ်သည်။ ၂၉ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ဝ၄ခု၊ ငွေတံ ဆိပ်၎ဝ၄ခုနှင့် ကြေးတံဆိပ်၅ဝဝ ကျော် ပေးအပ်ချီးမြှင့်သွားမည်ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here