အမှတ်တရအနေနဲ့ ထုတ်ဝေမယ့် ကျားပေါက် ရဲ့ Knotfunni At All စာအုပ်

0
232

bigbag

Big Bag အဖွဲ့ မှ ကျားပေါက်က သီချင်းဆိုခြင်း၊တီးခြင်း၊ ရေးခြင်းစတဲ့ ကိစ္စတွေအပြင် စာရေးတာ၊ ကာတွန်းရေးဆွဲတာစတဲ့ အနုပညာကိစ္စရပ် တွေမှာ လည်း ဝါသနာထုံပြီး လက်ရှိမှာတော့ သူအားလပ်ချိန်တွေမှာ ရေးဆွဲထားတဲ့ ကာတွန်းတွေ အများကြီးထဲကမှ ကာတွန်းတွေကိုစုပြီး Knotfunni At All ဆိုတဲ့နာမည်နဲ့ စာအုပ်အဖြစ်ထုတ်ဝေဖို့ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်ရေးဆွဲထားတဲ့ ကိုယ်ပိုင်ကာတွန်းဇာတ်ကောင်လေးတွေရှိ တယ်။ အဲဒီအကောင်လေးတွေက သူတို့ရဲ့ အဓိက Theme က အမြင်မှာတော့ တအား Cute ဖြစ်တယ်။ ချစ်ဖို့ကောင်းတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ စကား တွေ၊အသုံးအနှုန်းတွေက တအားရက်စက်တဲ့ စကားလုံးတွေပေါ့။ ဟာသဆို လည်း ရက်စက်တဲ့ဟာသတွေပေါ့။ အကျင့် မကောင်းတဲ့ကောင်တွေ၊ အလိုက် ကန်းဆိုးလည်း မသိတဲ့သူတို့ပုံစံကာရိုက်တာနဲ့လုံးဝဆန့်ကျင်ဘက် အပြုအမူ တွေ၊ ထင်မထားတဲ့စကားတွေ၊ အဲဒီလိုတွေပြောတတ်တဲ့ ကာရိုက်တာမျိုးပေါ့။ အမြင် မှာတော့ ချစ်စရာကောင်းတဲ့ ပုံစံအကောင်လေးတွေကို ကာရိုက်တာအဖြစ် ဖန်တီး ထားပါတယ်။ ဒီစာအုပ်မှာတော့ တစ်ကွက်ကာတွန်းတွေလည်းပါမှာဖြစ်သလို Short Story သဘောဆန်ဆန်လေးတွေလည်းပါမှာပါ”လို့ ကျားပေါက်က ပြောပါတယ်။

ကျားပေါက်က ခုလိုစာအုပ် ထုတ်ဖြစ်မယ်အထိ ကာတွန်းတွေရေးဆွဲ ဖြစ်ပုံကိုလည်း ခုလိုပြောပြပါတယ်။ “ဒါက ကျွန်တော့်ဝါသနာတွေထဲက တစ်ခုပေါ့။ အဲဒါကို အား လပ်ချိန်တွေမှာ ဆွဲရင်းဆွဲရင်းနဲ့  တဖြည်းဖြည်း များလာတယ်။ ကျွန်တော့် အနေနဲ့လည်း အမှတ် တရအဖြစ် ထုတ်ချင်တယ်။ ဒါကြောင့် ခုလိုစာအုပ်အဖြစ် စီစဉ် ဖို့လုပ်တာပါ။ ကာတွန်းပေါင်း ၂ဝဝလောက်ပါပါ လိမ့်မယ်”လို့ ကျားပေါက်က ပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-ရဲဇော်မျိုး (Big Bag)


LEAVE A REPLY

Please enter your comment!
Please enter your name here