မကြီးစန်းနဲ့ တွဲဖက်ရိုက်ကူးရတဲ့အတွက် ပရိသတ် ဝေဖန်မှာ မစိုးရိမ်ပါဘူး အေးချမ်းမောင်

0
517

Aye-Chan-Mg

သရုပ်ဆောင် အေးချမ်းမောင် ကတော့ ဒါရိုက်တာ နိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်) ရိုက်ကူးမယ့် “တစ်နေ့မှာမောင့်ကို ဒီအကြောင်း တွေ ပြောပြရဦးမယ်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး…

“ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်တာကတော့ ကျွန်တော့်ဆရာ ဂျွန်လွင်နဲ့ မကြီးစန်းတို့တိုင်ပင်ပြီး ဒီဇာတ်ကားမှာ သရုပ်ဆောင်ခွင့် ပေးခဲ့တာပါ။ ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ ကာရိုက်တာ နှစ်ခုပေါ့။ အစပိုင်းဆင်းရဲတဲ့ ကာရိုက်တာ။ နောက်ပိုင်း ချမ်းသာသွားတဲ့ ကာရိုက်တာပါ။ ကျွန်တော်ဆင်းရဲတဲ့ အချိန်မှာ မကြီးစန်းနဲ့တွေ့ပြီး သူကကူညီတယ်။ ၅၂၈ မေတ္တာကနေ ၁၅ဝဝ မေတ္တာဘက်ကို ကူးသွားတယ်။ မကြီးစန်းနဲ့ တွဲဖက်ရိုက်ကူးရ တဲ့အတွက် ပရိသတ်ဝေဖန်မှာတော့ စိုးရိမ်တာမရှိပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်သွား မှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ကာရိုက်တာကို အကောင်းဆုံ ပုံဖော်သွား မှာပါ”လို့ ပြောပြခဲ့ပါတယ်။သူ့အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာ တစ်နှစ်ကျော်လောက်ရှိပြီး MTV တွေ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here