ဒုတိယမြောက် စီးရီးပြီးမှ သရုပ်ဆောင် ပြန်လုပ်မယ့် ဆိုဖီယာ

0
188

So-Phu

Myanmar Idol  မှတစ်ဆင့် ပရိသတ်များကြား ထင်ရှားလာတဲ့ အဆိုတော် ဆိုဖီယာက သီချင်းဆိုခြင်းအပြင် ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင် လျက် ရှိပါတယ်။ လတ်တလောမှာတော့ သူမက သရုပ်ဆောင်အလုပ်ကိုနားပြီး ဒုတိယအကြိမ်မြောက်အခွေအတွက် အာရုံစိုက်နေရကြောင်းကိုတော့ …

“အခုတလောမှာ ညီမသရုပ်ဆောင်ဘက်ကိုတော့ ခဏရပ်ထားပါတယ်။ အခုဒုတိယအယ်လ်ဘမ်အတွက် လုပ်နေပါတယ်။ ဒီနှစ်ထဲမှာပဲ ထပ်ထွက်ရှိမှာ ပါ။ ပထမအယ်လ်ဘမ်တုန်းကလည်း ပရိသတ်အား ပေးတာတွေ့ရတယ်။ ပထမအခွေအတွက် Music Video ရိုက်ကူးနေပါတယ်။ ဒုတိယအခွေက တော့ တစ်ဝက်လောက် ပြီးသွားပြီ။ နိုဝင်ဘာလထွက်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အရှေ့ခွေရဲ့ Music Video အခွေကိုလည်း online ကနေပဲ ဖြန့်ချိမှာပါ။ ဒုတိယအခွေကို Audio/ CD အနေနဲ့ အခွေထုတ် သွားမယ်။ သီချင်းကတော့ ၁ဝပုဒ် ၁၁ပုဒ်လောက်ပါမယ်”လို့ ပြောပါတယ်။

အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုရရှိထားတဲ့ ဆိုဖီယာက သူမရဲ့သရုပ်ဆောင်မှုမှာ ပရိသတ်အားပေးမှုကြောင့် ပျော်ရွှင်ရကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“ညီမ သီချင်းဆိုတဲ့အလုပ်ကို ကိုယ့်ရဲ့အဓိက အလုပ်အနေနဲ့ လုပ်တယ်။ သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတယ်။ သူလည်း အနုပညာအလုပ်တွေ ထဲကပဲလေ။ ပရိသတ်တွေလည်း ညီမသရုပ်ဆောင် ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကို အားပေးတာလည်း တွေ့ရ တယ်။ ဒီသရုပ်ဆောင်အလုပ်ကို ဒုတိယအခွေထွက်ရှိပြီးမှ ဆက်လုပ်တော့မယ်။ ညီမသရုပ်ဆောင်တဲ့အပိုင်းကို အင်္ဂလိပ်ဇာတ်ကားတွေ ကြည့်ရှုပြီး သဘာဝကျအောင်သရုပ်ဆောင်တယ်။ ဘယ်ဇာတ်ရုပ်ပဲရိုက်ရိုက် အဓိကက ကိုယ့်သဘာဝကျအောင် အဓိကထားပြီးလုပ်ဆောင်တယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ်။ ညီမအက်ရှင်ဇာတ်ကားကာရိုက်တာတွေ၊ခပ်ကြမ်း ကြမ်း ခပ်မာ မာပုံစံတွေကို ကြိုက်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပျော့ညံ့ တဲ့ပုံစံကို မကြိုက်ဘူး”လို့ ဆိုဖီယာက ပြောပြခဲ့ပါတယ်။ ဆိုဖီယာက ဒုတိယမြောက် သီချင်း အခွေပြီးမှ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်ဖို့ရှိပြီး နယ်ရှိုးပွဲတွေလည်း သီဆိုဖို့ရှိ ကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here