ပရိသတ်တွေကို မွေးနေ့ အမှတ်တရ လက်ဆောင် ပေးခဲ့တဲ့ ဂုဏ်ရည်အေးကျော်

0
218

3အလှမယ် ဂုဏ်ရည်အေးကျော် က သြဂုတ်လ ၁၅ ရက်နေ့မှာ ကျ ရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ အမှတ်တရ အဖြစ် Fan  တွေကို Springfield  က ကျပ်၅သောင်းတန် Gift Voucher ၁ဝခုကို ရွေးချယ် မဲဖောက်ပေးခဲ့ပါတယ်။ ဂုဏ်ရည် အေးကျော်ရဲ့ ပရိသတ်တွေ ကလည်း မွေးနေ့ အမှတ်တရ မွေးနေ့ကိတ်၊ ပန်းစည်းနဲ့ မွေးနေ့ လက်ဆောင်များ ပေးခဲ့ပါတယ်။ ဂုဏ်ရည်အေး ကျော်ကလည်း ပရိသတ် ၁ဝ ဦးကို မွေးနေ့ အမှတ်တရ လက်ဆောင်ပြန် ပေး ခဲ့ပါတယ်။

ဂုဏ်ရည်အေးကျော်က မွေးနေ့ အလှူ အနေနဲ့တော့ ကုတင် ၅ဝဝ ဆေးရုံ၊ အဆုတ်နဲ့ ရင်ခေါင်း ဌာနက ခွဲစိတ်ဖို့ လိုအပ်ပြီး အခက်အခဲ ဖြစ်နေတဲ့ လူနာ တစ်ဦးအတွက် ဆေးကုသမှု အစအဆုံးကို တာဝန်ယူ ပေးခဲ့ပါတယ်။ အသက်တစ်နှစ် ပိုကြီးလာတာ နဲ့အမျှ ကိုယ့် ပတ်ဝန်း ကျင်ကို ဘယ်လို အကျိုးပြု ရမလဲလို့ပဲ တွေးတယ်လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။

“ဂုဏ်ရည်အေးကျော်က အရင် ငယ်ငယ်က မွေးနေ့ဆိုရင် ဘယ်သွားမယ်၊ ဘယ်မှာစားမယ်၊ ဘယ်သူတွေနဲ့ ပျော်မယ်ပါးမယ် လောက်ပဲ တွေးပါတယ်။ အခုတော့ ကိုယ့်နေထိုင်မှု ပတ်ဝန်းကျင် အတွက် ဘယ်လို အကျိုးပြုရမလဲ၊ လိုအပ်နေ တဲ့ သူတွေကို ကိုယ်ဘယ်လို လုပ်ပေး နိုင်မလဲဆိုတဲ့ အကြောင်းတွေကို ခေါင်းထဲမှာ ပိုတွေးဖြစ်လာတယ်။ ကိုယ့်ကြောင့် သူတစ်ပါး အတွက် အကျိုး ရှိတာလေးတွေ ဖြစ်ဖို့ကြိုးစား တယ်။ ဒီလို အမှတ်တရလေး တွေကို တန်ဖိုး ထားဖြစ်လာတာလည်း သုံး၊ လေးနှစ်လောက်ရှိပါပြီ” လို့ဂုဏ်ရည် အေးကျော်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here