ဇော်ဇော်အောင် အခုချိန်ထိ လူပျိုကြီး ဖြစ်နေရတဲ့ အကြောင်း

0
502

Zaw-Zaw-Aungအခု လတ်တလောမှာ သရုပ်ဆောင် ဇော်ဇော်အောင်က ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ” ချစ်တီးမကြီးများ” ဟာသ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် ရိုက်ကူးနေပါတယ်။ ဒီဟာသဇာတ်ကား ရိုက်ကူးစဉ်က ဓာတ်ပုံ တချို့ လည်း ဥညူငညန စာမျက်နှာပေါ်မှာ တက် လာပြီး ပရိသတ် ဝေဖန်မှုတချို့လည်း ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဇော်ဇော်အောင်က…

“ဒီဇာတ်ကားမှာ မင်းသမီးတွေက ချစ်တီးတွေပေါ့။ ကာရိုက်တာ အရ သူတို့က ငွေတိုး ပေးစားတယ်။ ကုလားမ လုပ်ရတာပေါ့။ ကျွန်တော် တို့က မြန်မာ ဇာတ်ကားတွေ ထူးခြား ဆန်းပြားအောင် ကာရိုက်တာ တစ်ခု လုပ်တယ်၊ ဝတ်တယ်ဆိုရင် အဲဒီမှာ လာပြီ။ ဟို တိုင်းရင်းသား ဒီတိုင်းရင်း သားဝတ်စုံ ဒီလိုမျိုး ဇာတ်ရုပ်မှာ မဝတ်ပါနဲ့ ဆိုပြီးတွေ ဖြစ်လာတယ်။ ကျွန်တော် ပြောချင် တာက မဆိုင်ပါဘူး။ ဝတ်စုံပြည့် ဝတ်တာလည်း မဟုတ်။ တချို့ဆို အပေါ်ပိုင်း ပဲဝတ်တယ်။ ဒါပေမဲ့ မတူပါဘူး။ အဝတ်အစား နဲ့ ပတ်သက်ပြီးတော့ ရိုးရာကို ထိခိုက်စေတယ် ဆိုတာ ကျွန်တော် လက်မခံဘူး” လို့ ပြောပါတယ်။

ဇာတ်ပို့ဇာတ်ရံ တစ်ယောက် ဖြစ်တဲ့အတွက် ကာရိုက်တာ ရွေးချယ်မှုတွေ သိပ်မလုပ်ဖြစ်တဲ့ လူပျိုကြီး ဇော်ဇော်အောင်က သူ့ရဲ့အရင်က အချစ်ရေးကို အခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော် အခုချိန်ထိ လူပျိုကြီး ဖြစ်နေတာကိုတော့ မပြောတတ်သေးဘူး။ တကယ် ကျွန်တော်လည်း သိချင်နေ တယ်။ ကျွန်တော် အရင် က ဒီသရုပ်ဆောင် လုပ်နေတဲ့အတွက် ကောင်မလေး မိဘတွေက သဘောမတူခဲ့ဘူး။ အဲဒီ ကောင် မလေးလည်း အခု ယောက်ျား ရသွားပြီ။ ကျွန်တော် အနုပညာ လမ်းပေါ်မှာ လျှောက်နေတဲ့ အချိန်မှာ အချစ် ရေးက ဟိုလမ်း ခွဲလေးမှာ ကျန်ခဲ့တဲ့ သဘောပါပဲ။ သူနဲ့ ၅နှစ် လောက် တွဲခဲ့တယ်။ အချစ်က ကြည်နူးစရာ၊ ပျော်ရွှင်စရာကောင်း တယ်လို့ ကျွန်တော်ထင် တယ်။ အခု ပြန်တွေ့တဲ့အခါ ကျတော့ လွမ်းဆွေးဖို့ကောင်း တယ်”လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here