ဂျပန်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ယုသန္တာတင်

0
281

YuThandarTinအချိန်အတော်ကြာ ပရိသတ် အားပေးမှု နေရာတစ်နေရာကို  စိုက်ထူ ထားနိုင်ပြီး ကာရိုက်တာမျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်တဲ့ အနုပညာ ရှင်ကတော့ အနုပညာ ပျိုးခင်းကနေ အောင်မြင်မှု ရရှိလာတဲ့ ယုသန္တာတင်ပဲ ဖြစ်ပါတယ်။ သူမကတော့ ခရီး ထွက်ရတာ လည်း ဝါသနာပါသူ တစ်ဦးဖြစ်ပြီး မကြာခဏ ခရီးထွက်လေ့ ရှိတာကိုလည်း တွေ့ရပါတယ်။ အခု သြဂုတ်လ ဒုတိယပတ်မှာလည်း သူငယ်ချင်းတွေနဲ့အတူ ဂျပန်နိုင်ငံကို ၁ဝ ရက်ကြာ အလည်အပတ်ရောက် ရှိနေပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ယုသန္တာတင်က

“ကျောင်းတုန်းက သူငယ်ချင်းတွေ နဲ့သွားတာပါ၊ အလည်အပတ်လေးပါပဲ။ ဒီမှာတော့ ၁ဝ ရက်လောက် ကြာမယ်။ အလည်အပတ်လေး ဆိုတော့ ဘာမှ တော့ သိပ်မလေ့လာဖြစ်ပါဘူး။ ခရီး ထွက်ရတော့ အမှတ်တရဖြစ်တာ ပေါ့” လို့  သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ ပါတယ်။

ဇာတ်ကားတိုင်းကို အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်တတ်တဲ့ ယုသန္တာတင်က ဇာတ်ရုပ်မျိုးစုံ ကိုလည်း သရုပ်ဆောင် ကြည့် ချင်ကြောင်း ပြောပါတယ်။ ဇွန်လမှာ ဒါရိုက်တာ အောင်လွင် ရိုက်ကူးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် အတွက်ရိုက်ကူးခဲ့တဲ့ “သရာစောထိ” ဇာတ်ကား မှာလည်း    ယုသန္တာတင် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကား ကိုတော့ ကရင် ပြည်နယ်ဘက်မှာ သွားရောက် ရိုက်ကူးခဲ့ပြီး အမှတ်တရတွေ ရှိခဲ့ကြောင်း ပြောတဲ့ ယုသန္တာတင်က မကြာခင် ကလည်း ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ “ဖေ့စ်ဘုတ်ရွာ ၂” ဇာတ်ကား ကြီးမှာလည်းပါဝင် သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here