အောက်တိုဘာမှာ မင်္ဂလာပွဲကျင်းပမယ့် လင်းနစ်

0
360

l

အဆိုတော် လင်းနစ်က သူရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ မရီနွယ် ကို သြဂုတ်လ ၁၆ ရက်နေ့ညက ဆာကူရာတာဝါအပေါ်ဆုံးထပ် မှာရှိတဲ့ Yangon Bar မှာ Surprise ပြုလုပ်ပြီး လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။ ဒီပွဲလေး ကိုတော့ လင်းနစ်က သူ့ ချစ်သူကောင်မလေး မသိအောင်သူငယ် ချင်းများနဲ့အတူ တိတ်တဆိတ် စီစဉ်ခဲ့တာဖြစ်ပြီး လင်းနစ်ရဲ့ခုလိုကြည် နူးဖွယ်ရာ အပြုအမူကြောင့် သူ့ချစ်သူကောင်မလေးဟာ မျက်ရည်ကျခဲ့တဲ့အထိ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။

“အဲဒီညလေးအတွက် စိတ်ထဲက ကြိုစဉ်းစားထားပေမယ့် တစ်ယောက် ကိုမှကြိုမပြောခဲ့ဘူး။ ရက်ကပ်မှ Secret group လုပ်ပြီးပြောဖြစ်တာ ညီမလေးကအနားမှာရှိနေတာမို့ ခိုးလုပ်နေရတော့ တစ်ယောက်ချင်း သေသေချာချာ မဖိတ်နိုင်ခဲ့ဘူး။ တကယ်တမ်း လုပ်ချင်စိတ်သာရှိတာ၊ လက်ထဲ မှာပိုက်ဆံ တစ်သိန်းတောင်မရှိဘူးရယ်။ လက်စွပ်ဝယ်ဖို့တောင် ရစရာရှိတဲ့သူ တွေကိုအခြေအနေပြောပြကြိုတောင်းပြီး ပြေးဝယ်ရတာ။လာမယ့် သူငယ်ချင်း တွေကိုလည်း ရှေ့မျက်နှာ နောက်ထားပြီး Treat မလုပ် နိုင်ကြောင်း ဗြောင်ပြော ပြီး တောင်းပန်ရ၊ လာတဲ့သူငယ်ချင်း တွေအကုန်လုံး ကိုယ့်စားရိတ်ကိုယ်စားပြီးလာကြရတာ။ ချစ်ဖို့ကောင်းလိုက်ကြတာဆိုတာဗျာ။ သူငယ်ချင်း ဓာတ်ဆရာတွေလည်း ဗြောင်ကျကျ ဒိုင်ဗင်ပစ်ရ၊ ဒါတောင်အချိန်မမီလို့ ရောက်မလာနိုင်တဲ့သူတွေ ရှိသေးတယ်။ ပြန်တွေးကြည့်တိုင်း တစိမ့်မ့် ကြည်နူး နေရမယ့် ဒီအခိုက်အတန့်လေးဟာ ဒီလိုမိတ်ဆွေ သူငယ်ချင်း ကောင်းတွေ သာမရှိရင်လုံးဝလုပ်နိုင်မှာမဟုတ်ပါဘူးဗျာ။ တစ်ယောက်စီတိုင်းကို ကျေးဇူး တင်နေမှာပါ။ ခင်ဗျားတို့ကို ဒီတစ်သက် မမေ့တော့ပါဘူး။ ပြောစရာ စကား လုံးတွေလည်း မလုံလောက်တော့ ပါဘူးဗျာ။ အကုန်လုံးနှုတ်လုံပေးကြတဲ့အတွက်လည်း ထပ်ပြီးကျေးဇူးပါ”လို့ လင်းနစ်ကသူ့ရဲ့အမှတ်တရညလေး အကြောင်းကို ပြောပါတယ်။

လင်းနစ်နဲ့ သူ့ချစ်သူကောင်မလေးတို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တို ဘာလအတွင်းမှာ ကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here