ရွှေထူးရဲ့ သီချင်းကို Music Arrangement ပြုလုပ် ပေးမယ့် ဂီတပညာရှင် ဓီရာမိုရ်

0
189

D-Yar-Mo

မကြာမီ ထွက်ရှိတော့မယ့် အဆိုတော် ရွှေထူးရဲ့ သီချင်းသစ် တစ်ပုဒ်ကို Music Arrangement  လုပ်ပေးသူကတော့ ဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်ပါ။ ကိုယ်တတ်ထားတဲ့ပညာနဲ့ လူငယ်တွေကို Supporting  လုပ်ပေးဖို့ကြိုးစားပါတယ်လို့ဆိုတဲ့ ဓီရာမိုရ်ကို လူငယ်အဆိုတော် တစ်ယောက်ဖြစ်တဲ့ရွှေထူးနဲ့ပတ်သက်ပြီးမေး မြန်းဖြစ်တဲ့အခါ…

“ရွှေထူးရဲ့သီချင်းကတော့ တစ်ခါမှမတီးဖူးသေးဘူး။ သူရေး ထားတဲ့သီချင်းလေး တစ်ပုဒ်က ခေတ်နဲ့အညီ ခမ်းခမ်းနားနား Orchestration နဲ့ Choir တွေနဲ့လုပ်ချင်တယ်။ သူ့သီချင်းလေး ကလည်း တော်တော်ကောင်းပါတယ်။ သူလည်းတော်တော် လေးကိုကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ပဲလေ။ ကိုယ် တွေကလည်း ဂီတကိုအခန်းတွေ၊ ကဏ္ဍတွေဘာမှမခွဲထား ဘူး။ အကုန်လုံးနဲ့ပူးပေါင်းပြီး ကိုယ်တတ်နိုင်တဲ့၊ ကိုယ် ကျွမ်းကျင်တဲ့ ပညာရပ်နဲ့လူငယ်တွေကို Supporting လုပ်ဖို့ အမြဲတမ်းကြိုးစားပါတယ်။ အဲဒါနဲ့ပဲ ရွှေထူးသီချင်းကို တီး ဖြစ်တာပေါ့နော်”လို့ ဓီရာမိုရ်က ပြောပါတယ်။

ဓီရာမိုရ်အနေနဲ့ ဖန်တီးနေတဲ့ မြန်မာ့ရိုးရာဂီတသီချင်း အပုဒ် ၁ဝဝဝ Project  အကြောင်းကိုလည်း မေးမြန်းဖြစ် တဲ့အခါ “အဲဒါကတော့ မြန်မာ့ဂီတ စတဲ့အချိန်ကနေစပြီး တော့ သက္ကရာဇ်၂ဝဝဝ ဝန်းကျင် ဆရာကြီးစန္ဒရားလှ ထွဋ်တို့ ရဲ့လက်ရာတွေလောက်ထိ ပေါ့နော်။ ဂီတရေစီးကြောင်း မှာ အထင်ကရဖြစ်တဲ့ သီချင်းမျိုးတွေပေါ့။ အထူးသဖြင့်တော့ မဟာဂီတရယ်၊ ရှေးဟောင်းဂီတတွေရယ်ပေါ့။ တိမ်မြုပ်ပျောက် ကွယ်ခါနီးဖြစ်နေတဲ့ သမားစဉ်တွေ၊ ဂီတတွေ ၊ဆိုင်းတွေအဲဒါတွေကို စုစည်းမှတ်တမ်းတင်ထားပြီးတော့ Library လုပ်တာပေါ့နော်။ သီချင်း အပုဒ် တစ်ထောင်ကို စုနေတာ အခုလက်ရှိတော့ တစ်ဝက်လောက်ပြီးစီး နေပါပြီ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here