သတင်းထောက် ဇာတ်ရုပ်အတွက် ရွှေသမီး ဘာတွေ ပြင်ဆင်ထားလဲ

0
158

Shwe-Tha-Mee-(2)

သရုပ်ဆောင် ရွှေသမီးက ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) ရိုက် ကူးပုံ ဖော်နေတဲ့ ‘ပီဇာ’ ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း၊ စည်ဖြိုး ၊ မေပန်းချီတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ရွှေသမီးက လမ်း ပေါ်မှာ သွားလာနေတဲ့ ကလေးတွေအကြောင်းကို လိုက်ပြီးတော့ သတင်း ယူရတဲ့ သတင်းထောက်တစ်ယောက်အဖြစ်ပါ ဝင်သရုပ်ဆောင်နေပါ တယ်။ ဒီသတင်းထောက်ကာရိုက်တာအတွက် သူ့ရဲ့ လေ့လာမှု၊ ပြင်ဆင်မှုအပိုင်းတွေကို ရွှေသမီးက …..

“ဒီကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ကျတော့ ပွဲတွေသွား ရင် စာနယ်ဇင်းက အစ်ကိုတွေ၊ အစ်မတွေကို တွေ့ရတယ် လေ ။ သူတို့ ပုံစံလေးတွေကို ကြည့်ဖြစ်တယ်။ လေ့လာဖြစ်တယ် ပေါ့နော်။ ပြီးတော့ သူတို့ဘယ်လို ဝတ်စားလဲဆိုတာ ကြည့်တယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲမှာတော့ ညီမ မြန်မာဝတ်စုံလေးတွေကို ဝတ်ဖို့ စိတ်ကူးထားတဲ့ အတွက် မြန်မာဝတ်စုံလေးတွေကိုပဲ အခုခေတ် လူငယ် ဆန်ဆန်လေးဝတ် ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့က ပိုပြီးတော့မှ သင့်တော်မယ်ထင်လို့ပါ။ အပြင်မှာဆိုရင်လည်း စာနယ်ဇင်းက အစ်မတွေ အဲဒီလိုမျိုးလေးဝတ်နေတာ တွေ့ရတော့ညီမလည်း ဒီလိုလေး ဝတ်မယ်ဆိုပြီး ဝတ်ဖြစ်တာပါ။ ဒီ ကာရိုက်တာအတွက် ဆံပင်ပုံစံ၊ အဝတ်အစားကအစ ညီမကိုယ်တိုင် သေချာလေး ဒီဇိုင်နာကို ပြောပြီးတော့ စီစဉ်ဖြစ်တယ်။

ပြီးတော့ ဇာတ်ညွှန်း ပိုင်းကို ခဏခဏဖတ်ဖြစ်တယ်” လို့ ကာရိုက်တာအတွက် ပြင်ဆင်မှုများ ကို ပြောပြပါတယ်။ ဒီကာရိုက်တာက ပထမဆုံးသရုပ်ဆောင်ရတဲ့ ကာရိုက်တာဖြစ်တဲ့အတွက် ကာရိုက်တာအပေါ် ရင်ခုန်စိတ်လှုပ်ရှား နေကြောင်းကိုလည်း ရွှေသမီးက အခုလို ပြောပြပြန်ပါတယ်။

“တကယ့်ချောင်ကျကျ နေရာတွေကို သွားပြီးတော့မှ သတင်း လိုက်ယူရမှာ ဆိုတော့ ကာရိုက်တာလေးကလည်းဆန်းတယ်၊ ကိုယ် မလုပ်ဖူးတဲ့ ကာရိုက်တာလေးလည်း ဖြစ်နေတော့ ရင်ခုန်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးက လူတွေရဲ့ စရိုက်၊ ကလေးတွေရဲ့ စိတ်နေစိတ်ထား၊ အဲဒီလို မျိုးလေးတွေကို အများဆုံးတွေ့ရမယ်။ ဇာတ်အိမ်ကလည်း တော် တော်လေး ကောင်းတယ်ဆိုတော့ ပရိသတ်တွေ ဇာတ်ကားကောင်းတစ်ကားကို တွေ့မြင်ရမှာ ဖြစ်ပါတယ်”လို့ ထပ်မံပြောပြပါတယ်။

ဇင်မာနွယ် 

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here