အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အနှစ် ၇ဝ ပြည့် အိန္ဒိယ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေပွဲ ကျင်းပ

0
433

india

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အနှစ်၇ဝ ပြည့် အထိမ်းအမှတ်အဖြစ် အိန္ဒိယ Kuchipudi  ရိုးရာယဉ်ကျေးမှုအကအဖွဲ့ ဖျော်ဖြေတင်ဆက်ပွဲကို သြဂုတ် လ ၁၃ ရက်၊ ည ၆ နာရီ က မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံ ၌ ကျင်းပပြုလုပ်ခဲ့ သည်။

“လွတ်လပ်ရေးရခြင်း အနှစ် ၇ဝ ပြည့် အထိမ်းအမှတ်ပွဲများကို နောက် ထပ် ၁၂လ၊ တစ်နှစ်ပတ်လုံး ကျင်းပသွားမှာဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ ဆက်စပ်တဲ့ တခြားနိုင်ငံများလည်း ကျင်းပနေပါတယ်။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ် နိုင်ငံယဉ်ကျေးမှု ဆက်နွှယ်မှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တာ ကြောင့် အိန္ဒိယယဉ်ကျေးမှု၊ အနုပညာဆိုင်ရာများကို မျှဝေခြင်းလည်းဖြစ်ပါ တယ်” ဟု

အိန္ဒိယကောင် စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora ပြောသည်။ Kuchipudi အိန္ဒိယရိုးရာ ယဉ်ကျေးမှု အကအဖွဲ့အား အိန္ဒိယ ကောင်စစ်ဝန်ချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များက ဂုဏ်ပြု အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here