ဗီဒီယိုဇာတ်ကား ရိုက်ကူးမှု နည်းလာတာကြောင့် အခက်အခဲရှိလာတဲ့ ဦးပေါ်လေး

0
344

Paw-Lay

ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးပေါ်လေးက အသက်ကြီးလာတာနဲ့အမျှ ပွဲကတာတွေ နည်းသွားပြီး ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေကြောင်း သိရပါတယ်။ ဝါရင့်လူရွှင်တော်တစ်ဦးဖြစ်တဲ့သူကတော့ အခုလတ်တလောမှာ တက္ကသီလာပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေရရှိရေးအတွက် ဝါရင့်လူရွှင်တော်များ ပါဝင်မယ့် သက်ကြီး လူရွှင် တော်ပွဲမှာ ပါဝင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။ သူ ပါဝင်ကပြမယ့် သက်ကြီးလူရွှင် တော်ပွဲနဲ့ပတ်သက်ပြီး…

” တက္ကသီလာ ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေရရှိရေးအတွက်ကမယ့် သက်ကြီး လူရွှင်တော်ပွဲမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ ပွဲကတဲ့အခါကျရင်လည်း ကပြရင်းနဲ့ ဗီဒီယိုရိုက်မယ်။ ရိုက်ကူးတဲ့အခါမှာလည်း ကောင်းတာတွေထုတ်ပြီး အခွေရောင်းမယ်။ အဲဒီက ရလာတဲ့ အမြတ်အစွန်းတွေကို အဘတို့ ခံစားခွင့် မယူပါဘူး။ ဒီတက္ကသီလာ ပညာရေး အတွက် ဦးဆောင်ပေးနေတဲ့ ဆရာတော်ကြီးကိုပဲ အခမဲ့ပညာရေး ဖောင်ဒေး ရှင်းအတွက် လှူဒါန်းသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံ ရုပ်ရှင်လောကမှာ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးမှု နည်းလာပြီး ရုပ်ရှင်ဇာတ်ကားများ ပိုပြီးရိုက်ကူးလာကြတဲ့ အပေါ် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအနေနဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးမှုနည်းလာပြီး ရုပ်ရှင်ကို ပိုပြီးရိုက် လာကြတာတော့ အရင်နဲ့စာရင် အဘတို့အနေနဲ့ အခက်အခဲရှိပါတယ်။ ဗီဒီယိုတစ်ခေတ်က တော်တော်ကောင်းခဲ့တာကို ဗီဒီယိုဆိုရင်တော့ တစ်လကို ၂ ကား(သို့) ၃ကားတော့ ပုံမှန်ရိုက်ရတာပေါ့။ ဗီဒီယိုက အားနည်းသွားတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲ အားကိုးရတာပေါ့။ ရုပ်ရှင်လည်း ရိုက်တော့ ရိုက်ရ ပါတယ်။ ဒါပေမဲ့ ကျသွားတာပေါ့။ ဗီဒီယိုလောက်တော့ မကောင်း ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောငိ


LEAVE A REPLY

Please enter your comment!
Please enter your name here