[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]
[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]
အကယ်ဒမီဝါ၀ါဝင်းရွှေရဲ့ သားကြီး ကိုဝင်းထွဋ်ဝင်းနှင့် ဇနီးဖြစ်သူ ဟေနွယ်ဦးတို့ရဲ့ Celebrity ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို သြဂုတ်လ ၂၅ရက်နေ့ မနက်၈နာရီက ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူ၊ မေဆူးမောင်၊ မိုးပွင့်ဖြူ၊ ချောချော၊ စင်ဒီမြတ်၊ အိနုဝေ၊ လီလီကျော်နိုင်၊ ဆုလဲ့လဲ့နိုင်၊ နန်းအိနြေ္ဒရှင်၊ သိမ့်နန္ဒာအောင်၊ ယွန်းယတီဦး၊ အပ်လစ်ရှာ၊ ဧည့်သည်သရုပ်ဆောင် ဆုအိမ့်စံ နှင့် မော်ဒယ်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီဇာတ်ကားကို ယနေ့ကန်တော့ပွဲအပြီးမှာပဲ စတင်ရိုက်ကူးနေပြီဖြစ်ပြီး ပဲခူးရိုးမဘက်မှာလည်း သွားရောက်ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ-မင်းမင်းထွန်း
[/spb_text_block]