ပညာရေးနဲ့ ပတ်သက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားဖို့ရှိတဲ့ ဘီလီလမင်းအေး

0
213

bili

ဘီလီလမင်းအေးက Myanmar  Idol မှတစ်ဆင့် ပရိသတ်အားပေးမှုတွေ ရရှိလာပြီး အခုအချိန်မှာတော့ သူမရဲ့ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိဖို့ ပြင် ဆင်နေပြီလို့ သိရပါတယ်။ သူမရဲ့ တစ် ကိုယ်တော် တေးစီးရီးအတွက် ပြင်ဆင်နေ ကြောင်းကိုတော့ ….

“ညီမအခုတလော နယ်ရှိုးပွဲတွေ ဆိုဖြစ်နေတယ်။ ပြီးတော့ သီချင်းအခွေ လုပ်နေ ပါတယ်။ သီချင်းက Pop အမျိုးအစားတွေပဲ ဖြစ်ဖို့များပါတယ်။ သီချင်းခွေအတွက် စပြီး တီးနေပါပြီ။ တစ်ချို့သီချင်းတွေဆို ဆိုလို့ ပြီးနေပါပြီ။ ညီမရဲ့ တစ်ကိုယ်တော် အခွေကို ကိုသားငယ်ပြီးမှ ထွက်ရှိဖို့ ရှိပါတယ်။ ပရိသတ်ကြိုက်မယ့် ပုံစံလေးတွေ၊ ပြီးတော့ ဘီလီလမင်းအေး ပါဆိုတဲ့ ပုံစံမျိုးတွေကို များသောအားဖြင့် ထည့်ထားပေးပါ တယ်။  Audio/ CD အနေနဲ့ပဲ အရင်ထွက်ရှိမှာဖြစ်ပြီး သီချင်း ၁၂ ပုဒ်လောက် ပါဝင်မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဘီလီလမင်းအေးက သူ့မရဲ့ ဇာတိမြို့ဖြစ်တဲ့ တောင်ကြီးမြို့ရှိ မိဘမဲ့ ကလေးတွေကို သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီးတော့ …

” ညီမ ပြီးခဲ့တဲ့လတုန်းက တောင်ကြီးမြို့ဆီပြန်ပြီးတော့ အလှူလုပ်ခဲ့တယ်။ ညီမအနေနဲ့ အလှူလုပ် တယ်ဆိုတာက ကိုယ်လုပ်ထားတဲ့ အလုပ်ထဲမှာ မိဘမဲ့ကလေး တွေကို ပြန်လှူတယ်။ ညီမပိုင်ဆိုင်တဲ့ ဆယ်ခုမှ တစ်ခုက အမြဲတမ်းသူတို့အတွက် ပါပဲ။ အဲဒီအတွက် ညီမအမြဲ အလှူ တွေ လုပ်ဖြစ်နေပါတယ်။ မိဘမဲ့ ကလေးတွေကို ညီမသနားတယ် ဆို တာထက် မပြည့်စုံတဲ့ လူတွေကို လှူ ချင်တယ်။ ကိုယ်က မိသားစုနဲ့ ပြည့်ပြည့်စုံစုံ နေနေရတဲ့ လူဖြစ်တယ်။ အဲဒီဘဝမျိုး သူတို့ မပိုင်ဆိုင် တဲ့အတွက် သူတို့ ကို လှူဖြစ်တယ်။ နောက်ပိုင်းမှာလည်း ပညာရေးနဲ့ ပတ်သက်တဲ့ အလှူတွေ ပြု လုပ်ပေးဖို့ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဘီလီလမင်းအေးက နယ်ရှိုးပွဲတွေ ရန်ကုန်ရှိုးပွဲတွေ ဆိုဖြစ်ပြီး အဆိုတော် တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် ကျောင်းဆရာမ အလုပ်ကို ပြန်လုပ်ဖြစ် မှာ မဟုတ်ပေမယ့် ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကလေးတွေကို ကူညီဖို့ ရှိတယ်လို့ သိ ရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here