နီနီခင်ဇော် လက်တွဲ ခေါ်မယ့် အဆိုရှင်အသစ်က ဘယ်သူဖြစ်လေမလဲ

0
97

Ni-Ni-Khin-Zaw-(1)ထူးခြားတဲ့ အသံပါရမီ ပါရှိပြီး နိုင်ငံကျော် အဆိုတော် တစ်ယောက် ဖြစ်နေပေမယ့် သူမဟာ ကြိုးစားနေဆဲ လူငယ် တစ်ယောက် အဖြစ် သာရှိပါသေးတယ် လို့ နီနီခင်ဇော်က ဆိုပါတယ်။ သူမက သူမရဲ့ချစ်ပရိသတ်တွေကို…

“နီနီက ကြိုးစားနေတဲ့ လူငယ် တစ်ယောက်ပါပဲ။ အမြဲတမ်း ဒီလမ်းကြောင်းပေါ်မှာ လမ်းလျှောက် နေပြီးတော့ ဂီတလမ်းကြောင်းမှာ ရော၊ Cosmetics ဘက်မှာရော လျှောက်လှမ်းနေတဲ့ အခါမှာ နီနီက ပြည့်စုံနေတဲ့ လူတစ်ယောက် မဟုတ်သေးပါဘူး။ အခုဆိုရင် အာဆီယံ မှာ လည်း သွားရောက် ယှဉ်ပြိုင်ရတယ်။ နီနီ ကိုယ်တိုင်လည်း အခုအချိန်ထိ  ကြိုးစားနေတဲ့ လူငယ် တစ်ယောက်ပါပဲ။ နီနီ့လိုပဲ တခြား လူငယ်တွေ လည်း ကြိုးစားကြပြီးတော့  တက်လှမ်းကြမယ် ဆိုရင်ပဲ ပျော်ပါပြီ” လို့ တိုက် တွန်း စကားဆိုပါတယ်။

မကြာမီ ရက်ပိုင်း အတွင်းကမှ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ သီချင်း ဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေ နဲ့ သွားရောက် ယှဉ်ပြိုင် ခဲ့ပြီး 1st Runner Up ဆုရရှိခဲ့တဲ့ နီနီခင်ဇော်ကို သူမ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနဲ့ ဆုရရှိခဲ့တဲ့ အပေါ် ခံစားချက် တွေအကြောင်း မေးမြန်းဖြစ်တဲ့အခါ

“တစ်နိုင်ငံကို ၂ယောက်၊ ဒါမှမဟုတ် ၃ယောက် ဖိတ်ခေါ် ပါတယ်။ Voice of Vietnam (VOV) ရဲ့ နှစ်ပတ်လည်ပွဲနဲ့ အာဆီ ယံအ ထိမ်းအမှတ် ပွဲ၊ အကြောင်း အရင်းကတော့ ၂ခုပါ။ အဲဒီ ၂ခုနဲ့ အတူ Asean Song Contest ပေါ့။ အာဆီယံ သီချင်း ဆိုပြိုင်ပွဲ ဆိုပြီးတော့ လုပ်ပါတယ်။ နီနီနဲ့ ကိုအောင်ထက် နဲ့ကတော့ နိုင်ငံ အနေနဲ့ သွားရောက် ယှဉ်ပြိုင်တာပါ။ ဆုရရှိဖို့ ရည်မှန်းပြီး သွားရောက် ယှဉ် ပြိုင် တာတော့ မဟုတ်ပါဘူး။ အဓိကကတော့ အဲဒီပွဲမှာ အာဆီယံမှာ မြန်မာ သီချင်းကို သွားရောက် ယှဉ်ပြိုင်ချင်တဲ့ အတွက် ထွက်သွား ခဲ့တာပါ။ ဆုရရှိတော့ လည်း ပျော်ပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။ ပြိုင်ပွဲမှာ နီနီခင်ဇော် သီဆိုခဲ့တဲ့ “မျှော်လင့်ချက် တစ်စုံတစ်ရာ” သီချင်းနဲ့ ပတ်သက်ပြီး နီနီ့ကိုချစ်ကြတဲ့ ပရိသတ်တွေလည်း ရှိသလို ဝေဖန်ကြတဲ့ ပရိသတ်တွေ လည်း ရှိကြပါတယ်။ အဲဒီ အပေါ် နီနီ ဘာများ မှတ်ချက် ပေးလိုပါသလဲလို့ မေးမြန်းတဲ့အခါ…

“နီနီ ဘာမှ မှတ်ချက်မပေးပါဘူး။ နီနီ့ အတွက်ကတော့ ထွေထွေထူးထူး ရှင်းပြစရာမလိုဘူး ထင် ပါတယ်။ ဒီသီချင်းက နီနီချစ်တဲ့၊ မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို Tribute  လုပ်တဲ့သီချင်းပါ။ ဂုဏ်ပြု သီဆိုတဲ့သီချင်းပါ။ တေးရေး ကိုဆောင်းဦးလှိုင် ကလည်းဂုဏ်ပြုသလို တေးဆိုတဲ့ နီနီက လည်း ဂုဏ်ပြုတာပါ။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ အမေစုကိုချစ်ကြတဲ့ ပရိသတ်တွေ အားလုံး ပိုင်တဲ့ သီချင်းပါ။ နီနီ ပိုင်တဲ့သီချင်းလည်း မဟုတ် ပါဘူး။ နိုင်ငံကိုယ်စားပြု အနေနဲ့ သွား ရောက် သီဆိုတာပါ။ နီနီ့ အတွက် လည်း မဟုတ်ပါဘူး” လို့ သူမက ပြောပါတယ်။

သီတင်းကျွတ်ရင် တတိယတစ် ကိုယ်တော်အ ခွေ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ နီနီခင်ဇော်က အာဆီယံ သီချင်းဆိုပြိုင်ပွဲ သွား ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အချိန်ကာလ အတွင်းမှာ အခွေအတွက် ပြင်ဆင် နေတာတွေ အားလုံးကို ရပ် နားထား ခဲ့ရကြောင်း ပြောပါ တယ်။ အခွေ အတွက်က လက်စသတ် နေပြီ ဆိုပေမယ့် အချိန် သိပ်မရ တော့တဲ့အတွက် အမြန်ဆုံး ပြီးအောင် ဆောင်ရွက်ရမှာဖြစ် ကြောင်း လည်း သူမက ဆိုပါတယ်။ စီးရီးခွေမှာ အနုပညာလောက က မဟုတ်ဘဲ အပြင်က မျက်နှာ သစ် တစ်ယောက်ကို လက်တွဲခေါ်ဖို့ ရှိတဲ့ နီနီခင်ဇော်က…

“နီနီ့ရဲ့ ပရိသတ်တွေသော် လည်းကောင်း၊ အပြင်လောကက နီနီ့ထက် တော်ကြတဲ့၊ ထူးချွန်ကြတဲ့ လူငယ်တွေကို လက်တွဲခေါ်တဲ့ သဘော အနေနဲ့ နီနီ့ ရဲ့Red Generation ဆိုပြီးထပ်လုပ်ပါတယ်။ Red Gen လို့အတိုကောက်ခေါ် ပါတယ်။ နီနီနဲ့အတူတူ နီနီ့အဖွဲ့ ကနေပြီး အဆိုရှင် တစ်ယောက် အသစ်တက်လာ ပါမယ်။ နီနီနဲ့အတူ လက်တွဲပြီး သီဆိုပါမယ်။ ပြီးဆုံးတဲ့ အခါမှာလည်း နီနီ့ရဲ့ Show ပွဲတွေ၊ နီနီ့ရဲ့ ပွဲတွေမှာ သူကြိုးစားရင် ကြိုးစားသ လောက် လက်ဆင့် ကမ်းပြီးခေါ်ဖို့ စဉ်း စားထားပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here