အာဆီယံ နိုင်ငံတွေရှေ့မှာ မြန်မာသီချင်းကို ဆိုပြခွင့်ရတဲ့အတွက် တအား ပျော်မိတယ် အောင်ထက်

0
271

AungHtetအဆိုတော် အောင်ထက်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အာဆီ ယံနိုင်ငံပေါင်းစုံ သီချင်းဆို ပြိုင်ပွဲမှာ “အချစ်ဘယ်ကစ” သီချင်း ကို သီဆိုခဲ့ပြီး ပရိတ်သတ် အကြိုက်ဆုံး လူကြိုက်အများဆုံး ဆုကို ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပုံ ကို အောင်ထက် က…

“အာဆီယံ ယဉ်ကျေးမှု ဖလှယ်ပွဲပေါ့နော်။ အဲဒါကိုမှ ပြိုင်ပွဲ သဘောလေး နဲ့ ဒီပွဲလေးမှာ ပါဝင်ဖို့ဖိတ် ခေါ်တယ်။ ဒီမှာရှိတဲ့ တာဝန်ရှိတဲ့ လူကြီးတွေ ကလည်း ကျွန်တော်တို့ ကို စေလွှတ်တယ်ပေါ့။ အဲဒီလို သွားရောက်ယှဉ်ပြိုင်ရ မယ် ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီး သွားပါတယ်။ အဓိက ပြင်ဆင်ရ တာ ကတော့ သီချင်းနဲ့ ဂီတပိုင်းပေါ့။ သူတို့က ၄ မိနစ်စာအတွင်းမှာ ဆိုရမှာဖြစ်တဲ့အတွက် တီးလုံးတွေ ဘာတွေ ကအစ သေချာပြန်လုပ်တယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့အကြောင်းတွေ ကိုယ့်ကိုယ်ကိုယ် ဘယ်သူပါဆိုပြီး မေးလ်က တစ်ဆင့် ပို့ရတယ်။ ပြီးတော့ ကိုယ်ကမြန်မာ သီချင်းနဲ့ပဲ သွားဆိုပြ မှာဖြစ်တဲ့ အတွက် ပြင်ဆင်ရတာတော့ များ ပါတယ်။ ယဉ်ကျေးမှု ဖလှယ်ပွဲလည်း ဖြစ်တဲ့အတွက် မြန်မာ ဝတ်စုံတွေနဲ့ မြန်မာ သီချင်းဆိုမယ်ပေါ့။ မြန်မာရဲ့ ဂီတ ပညာရှင်တွေ ဖန်တီးကြတဲ့ သီချင်းတွေကို ဆိုကြမယ်ဆိုပြီး သွားကြပါတယ်” လို့ အောင်ထက်က ပြောပါတယ်။

အောင်ထက်က ဆုရရှိဖို့ ဆိုတာကို တွေးမထားပေမယ့် ခုလို ပရိသတ် အကြိုက်ဆုံးဆု ကို ရရှိခဲ့တာကိုလည်း ဝမ်းသာမိတယ် လို့ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ဆုရရှိဖို့ထက် မြန်မာပြည်က ပညာရှင်ကြီးတွေ ဖန်တီးထားတဲ့ သီချင်းတွေကို ဆိုပြချင်တဲ့ သဘောပါပဲ။ အဓိက က မြန်မာရဲ့ ပုံရိပ် ကို သွားပြပြီး မြန်မာသီချင်းကို ဆိုပြတဲ့ သဘောပါပဲ။ ကျွန်တော်က “အချစ် ဘယ်ကစ” သီချင်းဆိုပြီး လူကြိုက် အများဆုံး ဆုကိုရရှိတဲ့ အတွက် ဝမ်းသာပြီး ပျော်မိပါတယ်။ သူတို့ ဒီသီချင်းကို နားစွဲပြီး ခံစားလို့ရတဲ့ အတွက် ဆုပေး တယ်ပေါ့။ သူတို့ ကိုယ်တိုင် လည်း ဒီသီချင်းရဲ့ Original Link တွေ တောင်းပြီး သူတို့ ရှာနားထောင်ချင်တယ် ပြောတယ်။ သူတို့ အနေနဲ့ ကျွန်တော် တို့မြန်မာ သီချင်းကို ရှာပြီး နားထောင်တော့မှာပေါ့။ အဲဒီအတွက် စိတ်ထဲမှာ တအား ပီတိဖြစ်သလို ဂုဏ်လည်း ယူတယ်။ အဲဒီ အတွက် လည်း ဒီ သီချင်းတွေကို ပုံဖော်ဖန်တီးခဲ့တဲ့ ဂန္တဝင် ဂီတပညာရှင်ကြီးတွေ၊ ဆိုခဲ့တဲ့ အဆိုတော်ကြီးတွေ အားလုံးကို လေးလေးစားစား နဲ့ ဂါရဝပြုချင်ပါ တယ်။ သူတို့ဖန်တီးခဲ့ လို့သာ ကျွန်တော်တို့မျိုးဆက်သစ်တွေ အနေနဲ့ ဖော်ထုတ်ပြီး အာဆီယံ မှာလည်း ဆိုပြခွင့်ရတာကို အင်မတန် ဂုဏ်ယူမိပါတယ်” လို့ အောင်ထက်က ပြောပြခဲ့ပါတယ်။

ရဲရဲ
Photo: VOV


LEAVE A REPLY

Please enter your comment!
Please enter your name here