ညီမဖြစ်သူ ရေးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မယ့် အကယ်ဒမီ ပြေတီဦး

0
328

Pay-Ti-Ooသရုပ်ဆောင် ပြေတီဦးက သူ့ရဲ့ ညီမဖြစ်သူ ငွေတီဦး ရေးသားတဲ့ ဇာတ် လမ်းကို ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးပုံဖော်တဲ့ “တိုးကျော်မန်း နဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ညီမဖြစ်သူရဲ့ ဇာတ်လမ်းကို ထူးခြားတာကြောင့် ကြိုက်နှစ်သက်မိတဲ့ အတွက် ရိုက်ကူး ဖြစ်ကြောင်းကို ပြေတီဦးက…

“သူတို့က အခုလည်း ဒီရုပ်ရှင် လောကထဲမှာပဲ ရှိနေတာလေ။ ရုပ် ရှင်ဇာတ်ကား တော်တော်များများ ဆိုလည်း သူတို့ပဲ Color Correction အပိုင်းကို လုပ်ပေးနေတာပေါ့။ လွန်ခဲ့တဲ့ ၁ဝ နှစ် ကျော်ကျော်တုန်းက သူရေးတဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်တော် ရိုက်ဖူးတယ်။ “ကိုယ့်လမင်းရဲ့ချစ်ခြင်းကဗျာ”တဲ့။ ပရိသတ်တွေ တအား လက်ခံခဲ့တဲ့ ဇာတ်ကားပါ။ အဲဒီဇာတ်ကားလေး နဲ့ပဲ အောင်မြင်ခဲ့တာလို့ ပြောရင်လည်း ပြောလို့ရတာပေါ့။ အဲဒီ နောက်ပိုင်းမှာ သူ့ဇာတ်လမ်းလေးတွေ ကျွန်တော် မရိုက် ဖြစ်ဘူး။ သူလည်း တခြားအလုပ်တွေ လည်း များနေတာ ကြောင့်ပေါ့။ အခု ၁ဝ နှစ် အကျော်မှာ ဇာတ်လမ်းတစ်ပုဒ် ပြောပြတော့ ဒီဇာတ်လမ်း ကိုလည်း ကျွန်တော် တအားကြိုက် ပြန်ပြီပေါ့။ အဲဒါကြောင့်ရိုက်ကူးဖြစ်တာပါ” လို့ ပြောပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် တစ်လကျော်ကြာ စီစဉ် ခဲ့ရပြီး အခက်အခဲများစွာလည်း ရှိကြောင်း ပြေတီဦး ကပြောပါ တယ်။ “လိုကေးရှင်းတွေ ဆိုရင် တစ်နိုင်ငံလုံး နီးပါးအနှံ့ပဲ။ နောက်ဆုံး ကျွန်တော်ရယ်၊ ပရိုဂျူဆာရယ်၊ ဒါရိုက်တာရယ်၊ မန်နေဂျာရယ် ပဲခူးရိုးမထဲကို သွားကြည့်ကြတယ်။ ပဲခူးရိုးမမှာ ကျွန်တော်တို့ ရိုက်ချင်တဲ့ နေရာတွေ့တယ်။ တောကြီးထဲမှာ အဲဒီ နေရာလေး တစ်နေရာပဲရှိတယ်။ အဲဒီနေရာကို တော်တော်လေး ကြိုက် သွားတယ်။ အခက်အခဲတွေ လည်း အများကြီး ရှိတယ်”လို့ ဇာတ်ကားရိုက်ကူးမှု အခက်အခဲများ နှင့် ပတ်သက်ပြီး ပြေတီဦးက ပြောပါတယ်။

ခိုင်ဝေလွင်၊
 ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here