ချစ်သူကို ပရိသတ်တွေနဲ့ ဘယ်တော့ တရားဝင် မိတ်ဆက်ပေးမလဲ အေးမြတ်သူ

0
182

Aye-Myat-Thu ချစ်သူရှိနေတဲ့ သရုပ်ဆောင် အေးမြတ်သူက သူ့ရဲ့ချစ်သူက အနုပညာ လောကထဲက မဟုတ်ဘဲ အပြင်လူ တစ်ယောက် ဖြစ်တယ် လို့ ဆိုပါတယ်။ ချစ်သူ နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတော့ ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ တင်တာမတွေ့ရဘဲ သူ့ရဲ့ instagram အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ချစ်သူရဲ့ပုံကိုတော့ ထင်ထင်ရှားရှား တင်ထားတာ မဟုတ်ပါဘူး။ ချစ်သူကို အားလုံးနဲ့ မိတ်ဆက်ပေးပြီးမှ အကြောင်း အမျိုးမျိုးကြောင့် လွဲချော်သွားမှာ ကြောက်တယ်လို့ အေးမြတ်သူက ပြောပါတယ်။

“ကိုယ့်အကြောင်းကို ပရိသတ်ကို ဖုံးကွယ်စရာ မရှိပါဘူး။ တစ်ခါတလေ ကျရင် ပုံတွေinstagram မှာ တင်ဖြစ်ပါတယ်။ အမြဲတော့ မဟုတ်ပါဘူး။ အသက် ၃၅နှစ်လောက် မှန်းထားပါတယ်။ အသက် ၃၅ နှစ် လောက်ကျမှ ချစ်သူကို ပရိသတ်တွေကို အသိပေးပါမယ်။ ဒီကြားထဲမှာ ဘာဖြစ်မှန်း မသိသေးဘူး။ လောကကြီးက အမြဲ ပြောင်းလဲနေတော့ ရည်မှန်းထားပေမယ့် ဖြစ်ချင်မှဖြစ်တာလေ။ ရည်မှန်း ချက်တွေ အကောင် အထည်ဖော်တဲ့နေ့ မှ အသိပေးချင်ပါတယ်။ ပရိသတ်ရှေ့ ကို ချပြပြီးမှ အကြောင်း အမျိုးမျိုးကြောင့် လွဲချော်သွားမှာ စိတ်ပူတယ်။ ကြောက်တယ် ရှင့်” လို့ပြောပါတယ်။

ချစ်သူအဖြစ် ရွေးချယ်ဖြစ်ပုံကို တော့ အေးမြတ်သူက “အဓိကတော့ တအား ကို နားလည်မှုပေးနိုင်တဲ့ အသိဥာဏ် ရှိတယ်။ ပညာ အရည် အချင်း ရှိတယ်။ အေး မြတ်သူက ပညာပြည့်စုံတာကို သဘော ကျတယ်ရှင့်။ ပညာပြည့်စုံတော့ အမှား အယွင်းနည်းနည်း ကင်းတယ်။ ကိုယ့်ကို နားလည်ပေးနိုင်ပြီး ပညာဥာဏ်ရှိတဲ့ အမျိုးကောင်းသား တစ်ယောက်ပါ” လို့ပြောပါတယ်။ အေးမြတ်သူက “တိုးကျော် မန်းနဲ့ နန်းဆန်တဲ့ရွာ”  ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေ အတွက် အသစ်အဆန်းဖြစ်မယ့် ဇာတ်ကား တစ်ကားဖြစ်ကြောင်း ပြောပါတယ်။ “မြင်နေတွေ့နေကျ ဟာသဇာတ်ကားမျိုး မဟုတ်ဘဲ လှပတဲ့ အမျိုးသမီးတွေရှိတဲ့ ရွာကိုလူ ၃ယောက်က ရောက်လာတဲ့ ဇာတ်လမ်းလေးပေါ့။ ထူးခြားတာက  ဝတ်စုံတွေ အားလုံးကို ထုတ်လုပ်ရေးဘက်က စီစဉ်ပေးပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊
 ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here