ချစ်သူက အဝေးရောက်နေပါတယ် သင်ဇာဝင့်ကျော်

0
141

Tin-Zar-Wint-Kyaw“တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်သွားမယ့် သင်ဇာဝင့်ကျော်က ဒီဇာတ်ကားလေး စိတ်ဝင်စားဖို့ ကောင်း ပြီး ဒီဇာတ်ကားမှာ ပါဝင်ရမယ့် သူ့ရဲ့ကာရိုက်တာကိုလည်း စိတ်ဝင်စားတဲ့ အတွက် လက်ခံ ရိုက်ကူးဖြစ်တာပါလို့ ဆိုပါတယ်။

“တချို့ဇာတ်ဝင်ခန်းတွေ မှာကတဲ့ အခန်းတွေပါတယ်။ အဲဒီတော့ အက ကြို တိုက်ရတယ်။ အင်္ကျီ အဝတ်အစားကတော့ မိန်းကလေးတွေ အကုန်လုံးက တူညီ ဝတ်စုံဖြစ်ရမယ့် အတွက် ထုတ်လုပ်သူဘက်ကပဲ စီစဉ်ပေးပါတယ်။ ဒီဇာတ်ကားလေး ရိုက်ကူးရတာ ပင်လည်း ပင်ပန်းမယ်။ နေရ ထိုင်ရတာ နဲ့ အစား အသောက်ကလည်း အခက်အခဲတွေ ရှိမယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကို ကြိုက်လို့ လက် ခံဖြစ်သွားတဲ့ အတွက် သင်ဇာလည်း သေချာလေး သရုပ်ဆောင် သွားမှာပါ။  ဒီဇာတ်ကား လေးထွက်လာတဲ့ အခါကျရင် ပရိသတ် တကယ် စိတ်ဝင်စားပြီး တကယ်လည်း ပေါက်မယ့် ဇာတ် လမ်းလေးပါ။ အဲဒါကြောင့်လည်း အပင်ပန်းခံပြီး ရိုက်ကူးဖို့ ဆုံးဖြတ် လိုက် တာပါ” လို့ ပြောပါတယ်။  သင်ဇာဝင့်ကျော်က ဒီရုပ်ရှင် ဇာတ်ကားပြီးရင် ဒါရိုက်တာညွှန့် မြန်မာ ညီညီအောင်၊ ခန့်စည်သူ တို့နဲ့  ပြည်မြို့ မှာ ဇာတ်ကား ရိုက်ကူးမှာ ဖြစ်ပြီး ဒါရိုက်တာ စတီးလ်နဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားရှိပြီး နေမင်းနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရှိသလို နောက်ထပ် ရုပ်ရှင် ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ လက်ခံထားတယ် လို့သိရပါ တယ်။ ဒီနှစ်ထဲမှာ ပရိသတ်တွေ အတွက် အကောင်းဆုံး ကြိုးစား သွားမှာပါဆိုတဲ့ သင်ဇာဝင့်ကျော်က…

“သင်ဇာ အစွမ်းကုန်တော့ ကြိုး စားနေတာပါပဲ။ အလုပ် လုပ်နေရ ရင်လည်း ဖြစ်အောင် လုပ်တယ်။ အလုပ်မရှိရင် လည်း အေးဆေး နားတယ်။ ကိုယ့် အတွက်ကတော့ ကိုယ်အကောင်းဖြစ် အောင်တော့ လုပ်နေရတာပဲလေ” လို့ ပြောပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ လတ် တလော အချစ်ရေး ကို မေးကြည့်တဲ့ အခါမှာတော့ ချစ်သူက အဝေးရောက်နေ ပါတယ်လို့ ဖြေသွားခဲ့ပါတယ်။

ခိုင်ဝေလွင်၊
 ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here