အောက်တိုဘာလမှာ ကြည့်ရှုရတော့မယ့် တင်ဇာမော့် ရဲ့ 7 Corner

0
210

tinzarmaw

အဆိုတော် တင်ဇာမော်က ယခု ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ အတွင်းမှာ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲကတော့ သူမရဲ့  ၇ စီးရီးသစ် ထွက်ရှိပြီးနောက်ပိုင်း အ မှတ်တရအဖြစ် ပရိသတ်နဲ့ တွေ့ ဆုံဖို့ပြုလုပ်မယ့်ပွဲဖြစ်ပြီး ဒီပွဲမှာ တော့ အရင်ပွဲတွေနဲ့မတူတဲ့ ပုံစံတွေ နဲ့ ဖျော်ဖြေသွားမှာ ဖြစ်ကာ ပရိ သတ်တွေ ကိုယ်တိုင်ပါဝင်နိုင်မယ့် အစီအစဉ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး တင်ဇာမော်က…

‘7’ Album ထဲက သီချင်းတွေ အပါအဝင် သီချင်းတွေကို ပရိ သတ်ကြီးနဲ့အတူတူ ဟစ်ဖို့ဆိုဖို့ အ တွက် မိုင်ထောင်ချီဝေးတဲ့ နေရာက နေ မကြာခင်မှာ ကျွန်မ ပြန်လာပါ မယ်။ ပရိသတ်ကြီးအတွက် အလွမ်း ပြေထားခဲ့တဲ့ ဒီ ‘ 7’ စီးရီးထဲက သီချင်းလေးတွေ ကိုလည်း ကြိုက် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ‘7’ Concert  လို့  နာမည် ပေးထားတဲ့ ဒီပွဲလေးမှာ ပရိသတ်နဲ့ အတူတူ ဆုံချင်ပါတယ်”လို့ တင်ဇာမော်က ပြောပါတယ်။

တင်ဇာမော်ရဲ့ ဒီတစ်ခေါက် ‘7’Concert ပွဲကိုတော့ Nine Planet Entertainment  က စီစဉ်တာဖြစ်ပြီး ” 7 concert ” သည်

(၁) ကွဲပြားခြားနားမှု၊ (၂) ရန်ခုန်စိတ်လှုပ်ရှားမှုတို့ပြည့်နှက်နေသော၊ (၃) ခန့်ညားထည်ဝါမှု၊ (၄) အမှတ် တရများစွာတို့ဖြင့်၊ (၅) မျှော်လင့်ထား သည်ထက် ပိုမို သောတင်ဆက်မှု၊ (၆) နှလုံးသားဖြင့် ဖန်တီးသော ဂီတ သံစဉ်တို့ဖြင့်၊ (၇) စင်ပေါ်စင်အောက် ရန်ခုန်သံ ထပ်တူညီစေမည့် မိတ် ဟောင်းဆွေဟောင်းတို့ ဆုံကြ သည့်ပွဲ။

သူရဲ့ ပရိသတ်၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ အား လုံးနဲ့ အတူတူ နွေးနွေးထွေးထွေး ပျော်ရွှင်ကြရမယ့် ပွဲဖြစ်ပါတယ်လို့ လည်း ပွဲစီစဉ်သူများက ဆိုထားပါ တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here