‘ပွဲခံမယ် ‘ဇာတ်ကားရဲ့ ပိုစတာ နဲ့ကြော်ငြာဘုတ်မှာ နာမည် မပါဝင်မှုကြောင့် စိတ်မကောင်း ဖြစ်ရတဲ့ မိုးပြည့်ပြည့်မောင်

0
306

moe-pyae-pyae-mgသရုပ်ဆောင် မိုးပြည့်ပြည့်မောင်က လတ်တလောမှာ ဒါရိုက်တာ အောင်ဟိန်း ရိုက်ကူးတဲ့ “Black Money” ဇာတ်ကားကို မင်းဦး၊ နေရိန်း တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ လတ်တလောမှာ ရုံတင်ပြသ နေတဲ့ “ပွဲခံမယ်” ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင် ထားပြီး ဇာတ် ကားကြော်ငြာတဲ့ အခါမှာ နာမည်မပါလာတဲ့ အတွက် မျက်ရည် ကျတဲ့ အထိ စိတ်မကောင်း ဖြစ်ရကြောင်း မိုးပြည့်ပြည့်မောင် ကပြောပါ တယ်။

“မိုးပြည့်က “ပွဲခံမယ်” မှာ ကြော်ငြာမှာရော၊ ဘုတ်မှာရောပါခွင့် မရတဲ့အတွက် စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ မိုးပြည့် ဘယ်သူ့ကိုမှ မပြောပါဘူး။ ကြည့်ပြီးတဲ့ သူတွေက ပြောကြတယ် ပုံလည်း မပါဘူး။ ကြော်ငြာမှာလည်း မပါဘူး။ မိုးပြည့်သရုပ် ဆောင်ထားတာ တစ်ခန်း နှစ်ခန်းပဲ ထင်ကြတယ်။ ဒါပေမဲ့ ကြည့်တဲ့အချိန်မှာ အစအဆုံး ပါသား ပဲလို့ ပြောကြတယ်။ မတတ် နိုင်ဘူးလေ။ ကိုယ့်အနုပညာ အသိုင်း အဝိုင်းက ကြီးနိုင်ငယ်ညှင်း ရှိနေကြတာပဲ။ အဲဒီနေ့က မိုးပြည့်ကြော် ငြာကိုကြည့်ပြီးတဲ့ အချိန်မှာ ထိုင်ငိုတာ။ တစ်ခါမှမဖြစ်ဖူးဘူး။ ဒါပေမဲ့ မိုးပြည့် ဘယ်သူ့ကိုမှ ဘာမှမပြောခဲ့ဘူး။ မိုးပြည့်ပြည့်မောင် ဆို တာ အခုမှ စလုပ်တာမှ မဟုတ်တာ။ ထွန်းထွန်းက မိုးပြည့် သူငယ် ချင်းဖြစ်နေတဲ့ အတွက် အရမ်းအားနာတယ်၊ ကိုဆာမိကို သူကလည်း အောက်ခြေကလာတဲ့ သူဆိုတော့ အနုပညာသမားတွေကို နားလည် ပေးမယ် လို့ ထင်တာ။ အနုပညာသမား ရဲ့စိတ်ခံစား ချက်ကို မခံစား တတ်တဲ့ သူတွေ နဲ့တွေ့ခဲ့တဲ့ အတွက် မိုးပြည့်တော်တော် စိတ်မကောင်း ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

အခုလိုအဖြစ်မျိုးတွေ နောက်ထပ် မဖြစ်စေဖို့အတွက် အောက်တိုဘာလထဲ မှာတော့ မိုးပြည့် ရုပ်ရှင်ထုတ်လုပ်ရေး ဆိုတဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး တစ်ခုကို တည်ထောင်ပြီး ဇာတ်ကားတွေ ရိုက်ကူးသွားမယ်လို့  မိုးပြည့်ပြည့်မောင် က ပြောပါတယ်။

“အခုလိုဖြစ်ခဲ့တဲ့ အတွက် မိုးပြည့်ကိုယ်တိုင် ရုပ် ရှင်ကားတွေ ထုတ်ရိုက်တော့မယ်။ သိပ်အောက်ကျ မခံချင်တော့ဘူး။ ကိုယ့် အရည်အချင်း ကိုယ့် အနု ပညာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်တော့မယ်။ အဲဒီအတွက် လည်း အားလုံး ပြင်ဆင်နေပါပြီ။  အခုက မိုးပြည့် ကုမ္ပဏီ ကနေ ဗီဒီယို ဇာတ်ကား တွေအတွက် စနေပါပြီ။ အဲဇာတ် ကားကြောင့် မိုးပြည့်ရုပ်ရှင် ကုမ္ပဏီ ထူထောင် ဖြစ်သွား တယ်။ ကိုယ့် ရုပ်ရှင် ဇာတ်ကားတွေကို ကိုယ့်ဘာသာ ကိုယ်ပဲ ရိုက်ကူးမယ်။ မိုးပြည့် လုပ်နိုင်လား၊ မလုပ်နိုင်လား ဆိုတာ ပရိသတ် ကြီး အသိဆုံးပါ။ ပရိသတ်ကို ကိုယ့်အနုပညာ ကိုပဲ ကိုယ်ချပြတော့မယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here