တူမဖြစ်သူကို ပြိုင်ပွဲမှာ ရိုးသားစွာနည်းမှန် လမ်းမှန်နဲ့ အကောင်းဆုံး ကြိုးစားဖို့ အကြံဥာဏ်ပေးတဲ့ ဆုပန်ထွာ

0
166

SuPanHtwarသရုပ်ဆောင် ဆုပန်ထွာရဲ့ တူမဖြစ်သူ သက်တံကဗျာ က Miss Universe Myanmar 2018 ပြိုင်ပွဲမှာ မြိတ်မြို့ ကိုယ်စားပြု အလှမယ် အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။ တူမဖြစ်သူ အားရှိအောင် လိုက်အားပေးတာ ဆိုတဲ့ ဆုပန်ထွာက ရိုးသားစွာ နည်းမှန် လမ်းမှန်နဲ့ အကောင်းဆုံး ကြိုးစားဖို့ပဲ အကြံ ဥာဏ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ “အမှန်တကယ်ကတော့ သူ့ကိုငယ်သေး တဲ့အတွက် ပန်ပန်က မလုပ်စေချင်သေးပါဘူး။ ဒါပေမဲ့လည်း သူပြိုင်ပွဲ ဝင်ရင်းနဲ့ အမှတ်မထင်ဘဲ miss  ဖြစ်သွားတော့ ဆက်ပြီးတော့ လုပ်ဖြစ် သွား တာပေါ့လေ။ ပန်ပန်က မလုပ်စေချင်သေးတော့ သိပ်အားမပေးဘူးပေါ့လေ။ နှုတ်အားနဲ့ပဲ လုပ်သင့်လုပ်ထိုက် တာလေးတွေ ပြောပြ တာလောက်ပဲ ကူပေး နိုင်တယ်။ အားတက်သရောတော့ မလုပ်ပေးချင်သေးဘူး။ အနုပညာ အလုပ် လုပ်ရတယ် ဆိုတာ တကယ်လည်း ခက်ခဲတယ်။ လေးလည်းလေးနက်တယ်။ တန်ဖိုးလည်း ကြီးတယ်။ ပန်ပန် ကတော့ အဖေနဲ့ အမေက တအား ပံ့ပိုးတယ်။ ဘာမဆို လိုလေးသေးမရှိ ပံ့ပိုးပေးလို့ ပန်ပန်ဖြစ်လာတာပါ။ တူမလေးကျတော့ သိပ်မအားပေးချင်တာက ငယ်လည်း ငယ်သေးလို့ပါ။ ဒါပေမဲ့ သူဖြစ်ဖို့ ကံဇာ တာပါလာလို့ ဖြစ်ပြီ ဆိုရင် ပန်ပန့်ဘက်က တတ်နိုင်သလောက် အကောင်း ဆုံး ကြိုးစားဖို့ပဲ ပြောလို့ ရမှာပေါ့လေ။ တူမလေးကိုလည်း ပြောပါတယ်။ ကိုယ် ရိုးသားစွာ နည်းမှန်လမ်းမှန်နဲ့ အကောင်းဆုံး ကြိုးစားဖို့ပဲ ပြောချင်ပါတယ်။ အကုန်လုံးလည်း ကိုယ်သိလို့ တတ်လို့တော့ မဟုတ်ပါဘူး။ အဲဒီ အကြံဥာဏ်ပဲ ပေးဖြစ်မှာပေါ့” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here