ခေတ်ရေစီးကြောင်းအရ ဟာသဇာတ်ကား အရိုက်များနေတဲ့ ၀ါဝါအောင်

0
374

War-War-Aung

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါဝါအောင်ကတော့ ပရိသတ် အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ သူမကတော့ အခု နောက်ပိုင်းခေတ်ရေစီးကြောင်းအရ ဟာသဇာတ်ကား ရိုက်ကူးမှုများနေတာနဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ ပါတယ်။

“အန်တီဝါကတော့ ကိုယ့်ဆီကလာတဲ့ ဇာတ်ကား တွေကို သိပ်ရွေးချယ်တာမရှိပါဘူး။ အတတ် နိုင်ဆုံး အဆင်ပြေအောင်လုပ်ပါတယ်။ အခုနောက်ပိုင်းက လည်း ဟာသဇာတ်ကားတွေများလာတဲ့အတွက် ဟာသဇာတ်ကားတွေ ရိုက်နေတယ်။ ဟာသဆိုလည်း အမေခန်းက သရုပ်ဆောင်တာရှိတယ်။ နောက်ပြီး အပျိုကြီးအဖြစ်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေ လည်းရှိပါတယ်။ ဟာသဇာတ်က မလွယ်ပါဘူး။ တကယ်ခက်ပါတယ်။ ပရိသတ်ရယ် အောင် လုပ်ရတာ ခက်ခက်ခဲခဲအလုပ်ပါပဲ။ ကိုယ် အရင်က ဒရာမာတွေ ရိုက်ခဲ့တယ်ဆိုပေမယ့်လည်း အခုခေတ်အရရော ရေစီးကြောင်းအရရော ဟာသဇာတ်ကားတွေ ရိုက်ကြ တယ်။ ပရိသတ်ကလည်း စိတ်ညစ်စရာတွေ မကြည့် ချင်ကြဘူး။ ဒရာမာတွေ လာငှားရင်လည်း ရိုက်ချင် ပါတယ်”လို့ ပြောခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားတွေ အရိုက်များလာပြီး ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးမှုလျော့ နည်းသွားတာလည်း တွေ့ရပါတယ်။ အဲဒီအပေါ် ဗီဒီယိုကလည်း ရှိကိုရှိသင့်တယ်ဆိုတဲ့ ဝါဝါအောင်က …

“ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရသလို ဗီဒီယိုကလည်း ရိုက်ကူးရမှအဆင်ပြေမှာ။ ဘာလို့လဲဆိုတော့ တချို့နယ်တွေမှာက ရုပ်ရှင်ရုံမရှိသေးဘူး။ အဲဒါကြောင့် ဗီဒီယိုက လည်း ရှိကိုရှိသင့်ပါတယ်။ ရုပ်ရှင်ဇာတ် ကားကြီးတွေ အရိုက်များလာ တော့လည်း ဗီဒီယိုက နည်းသွားတာပေါ့။ အန်တီဝါတို့က ရုပ်ရှင် ပဲဖြစ်ဖြစ် ဗီဒီယိုပဲဖြစ်ဖြစ် အကုန်ရိုက်ရမှာပဲလေ။ အိုက်တင်လုပ်ရတာ လည်း အတူတူပါပဲ။ ဗီဒီယိုမို့ လျှော့လုပ်ပြီး ရုပ်ရှင်မို့ ပိုလုပ်လို့ လည်း မရဘူး။ သရုပ် ဆောင်တစ်ယောက် အနေနဲ့ကတော့ ရုပ်ရှင် ပဲရိုက် ရိုက်အဆင်ပြေ နေပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။ဝါဝါအောင်က တော့ အခုလတ်တလောမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့’ဘီးကျဲ’ရုပ်ရှင် ဇာတ်ကားမှာ ပြေတီဦး၊ စိုးမြတ်သူဇာ၊ အိချောပိုနဲ့ အတူပါဝင် သရုပ်ဆောင် နေကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here