Miss Myanmar International 2015 အလှမယ် ဟောင်း အမရာငြိမ်းက Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်သွားဦးမယ်လို့ဆိုပါတယ်။Miss Universe အလှမယ် တစ်ယောက် ဖြစ်ဖို့ ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ရတာကြောင့် ဒီပြိုင်ပွဲကို ထပ်မံပြိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ အရင်ကအလှမယ် သရဖူကိုရဖူးပေမယ့် နောက်ထပ်ယှဉ်ပြိုင်ပွဲဝင်ဖို့မာနတွေ ပြန်လျှော့ရမယ် ဆိုတဲ့ အမရာငြိမ်းက….
“အမရာ Miss တစ်ယောက် ဖြစ်ချင်ခဲ့တာက Miss Universe ပြိုင်ပွဲတွေကြည့်ပြီး ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့် လည်း Miss Universe Myanmar 2013 မမိုးစက်ဝိုင်တို့ နှစ်ကတည်းက စပြီးပြိုင်ခဲ့တယ်။ အမရာ့ အိမ်မက်ကMiss Universe တစ်ယောက် ဖြစ်ချင်တယ်။ ငယ်ငယ်က အိမ်မက်ကို အကောင်အထည်ဖော်ဖို့က စွန့်စားရတာ တန်တယ်လို့ လည်း အမရာထင်တယ်။ တကယ်တမ်း Miss Universe ပြိုင်ပွဲပြန်ပြိုင်မယ်ဆိုရင်တော့ အမရာ့ရဲ့ မာန်တွေ၊ မာနတွေပြန်လျှော့ရမယ်။
ပြိုင်ပွဲဝင် တစ် ယောက်၊ ကြိုးစားနေတဲ့ သူတစ်ယောက် ပြန်ဖြစ်သွား မယ်။ Big Four ထဲမှာပါတဲ့ သရဖူကိုရဖူးတဲ့ လူတစ် ယောက်ဖြစ်တဲ့အတွက် ပြိုင်ပွဲထပ်ပြိုင်လို့ မရရင်ဆို တဲ့ စိတ်မျိုး တခြားပြိုင်ပွဲဝင်တွေထက် ပိုပါတယ်။ ဒါကြောင့် လည်း သူများထက် ၂ ဆ ပို ကြိုးစားရမယ်။ အတွေ့ အကြုံရှိပြီးသားလူတစ်ယောက် ဖြစ်တဲ့ အတွက်လည်း လိုအပ်ချက်တွေ အမြန်ဆုံးပြင်ဆင်နိုင်ဖို့ အာရုံစိုက် ထားပါတယ်’လို့ ပြောပြပါတယ်။
လက်ရှိမှာ အလှမယ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အမရာငြိမ်းအတွက် ခန္ဓာကိုယ် ထိန်း သိမ်းမှုကလည်း အရေးကြီးတဲ့အတွက် အမရာငြိမ်း ရဲ့ အလှအပရေးရာထိန်းသိမ်းမှုတွေကို မေးမြန်း ကြည့်တော့” Miss Universe Myanmar ပြိုင်ပွဲလည်း ထပ်ပြိုင်ဖို့ စီစဉ်နေတာကြောင့် ခန္ဓာ ကိုယ်ပိုင်းဆိုင်ရာကို လည်း ပြန်ထိန်းသိမ်းနေတယ်။ Body ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ လေ့ကျင့်ပြီး ပြန်ကစားဖြစ်တယ်။ Crown ရပြီး တစ်နှစ်လောက် တုန်းက တော့ ခန္ဓာကိုယ် ထိန်းဖြစ်ပေမယ့် နောက်ပိုင်းမှာ Body မထိန်းဖြစ်၊ သိပ်ဂရု မစိုက်ဖြစ်တာကြောင့် ဝိတ်နည်းနည်းတက်လာတယ်။ အမရာလည်း ဒီအလုပ်တွေ ဆက် လုပ်မှာဖြစ်တဲ့အတွက် ခန္ဓာကိုယ် အလေး ချိန်ကိုတော့ သေသေချာချာလေးထိန်းမှာပါ” လို့ အမရာငြိမ်းက ဆိုပါတယ်။
မြတ်မိုးပွင့်
အောင်ဇော်မင်း