မျက်ကြည်လွှာ ဆိုတာ မျက်လုံးမမြင်ရတဲ့ သူတွေ အတွက်ဆို သိပ်ကို အရေးကြီးပါတယ် ပိုပို

0
210

DSC_0237We Love တွေနဲ့အတူ ပိုပိုက လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ရန်ကုန်မြို့၊ ကန်တော်ကြီး ပတ် လမ်းရှိ မျက်စိဆေးရုံမှာ မျက်ကြည် လွှာလှူဒါန်းထားခဲ့ပြီးပါပြီ။ အဲဒီနေ့ လေးကတော့ ၂ဝ၁၆ခုနှစ်၊ စက်တင် ဘာလ ၁၆ရက် နေ့ဖြစ်ပြီး မှတ်မှတ် ရရပြောရမယ် ဆိုရင် ပိုပို့အသက် ၂၆နှစ်နဲ့ ၄လပြည့်ခဲ့တဲ့နေ့ လို့ပြော ရမှာပါ။ အဲဒီနေ့လေး မှာ ပိုပိုက ပရိသတ်တွေနဲ့အတူ မျက်ကြည် လွှာလှူဒါန်းဖြစ်ခဲ့သလို သွေးလှူ ဘဏ်မှာလည်း သွေးလှူ ဒါန်းဖြစ်ခဲ့ ပါတယ်။ ငွေကြေးဥစ္စာ၊ အစား အသောက်နဲ့ မိမိ တတ်နိုင် တာ တွေကို လှူဒါန်းတာထက် မိမိရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လှူဒါန်းခြင်းက ဒါန ဥပပါရမီ မြောက်ပါတယ်။ သူမနဲ့ ပရိသတ်တွေ မျက်ကြည်လွှာ လှူဒါန်းဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုပိုက

“လှူချင်နေခဲ့တာ ကြာပါပြီ။ မျက်ကြည်လွှာဆိုတာ မျက်လုံးမ မြင်ရတဲ့သူတွေ အတွက်ဆို သိပ်ကို အရေးကြီးပါတယ်။ ပိုပို စဉ်းစား တယ်။ ပိုပိုတို့တွေ သေဆုံးသွား တဲ့အခါမှာ ပိုပို တို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ပိုပိုတို့ အတွက် အရေး မပါတော့ပေမယ့် တကယ်လို အပ်နေတဲ့သူတွေ အတွက် ကတော့ အရေးပါနေဦးမှာ ပါ။ အဲဒီအတွက် ပိုပိုလှူဒါန်းချင် တယ်။ ပြီးတော့ ပိုပိုက တစ်ခုခု လုပ်ပြီဆိုရင် ပရိသတ် တွေကိုပါ မျှဝေပေးချင်တယ်။ သူတို့ ကို ကိုယ် ပေးနိုင်တာက ကုသိုလ် တရားတွေပဲ ရှိတယ်လေ။ အဲဒါနဲ့ ပိုပို့အသက် ၂၆နှစ် နဲ့ ၄လပြည့်တဲ့ နေ့မှာ အမှတ် တရလေးလည်း ဖြစ်အောင် ပရိသတ် တွေ နဲ့လည်း နောင်ဘဝတွေမှာ ရေစက်ပါအောင် မျက်စိဆေးရုံမှာ မျက်ကြည်လွှာ လှူဒါန်းဖြစ်တယ်။ ပြီးတော့ ပရိသတ်တွေက သွေးလှူ ဖြစ်တယ်။ ပိုပိုက အဲဒီ တုန်းက သွေးအား နည်းနေလို့ မလှူဖြစ် ခဲ့ဘူး။ လိုက်ပြီးတော့ အားပေးဖြစ် တယ်” လို့ သူမက ပြောပြခဲ့ပါတယ်။
DSC_0233
ဆက်လက်ပြီး ပိုပိုက သူမရဲ့ အလှူအတန်းတွေ၊ ဆောင်ရွက်ဖြစ်တဲ့ ဘာသာရေး ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး ဘယ်လို ခံယူ ထား သလဲ ဆိုတာ အခုလို ရှင်းပြပါတယ်။

“ဘဝမှာ အသက်ရှင်နေရတာ ဘာသာရေး လုပ်ဖို့၊ ကုသိုလ်ရေးလုပ်ဖို့ အသက်ရှင်နေ ရတယ် လို့ ပို ကတော့ ထင်ပါတယ်။ အဲဒါကြောင့် ချစ် ပရိသတ်တွေ လည်း နေ့စဉ်၊ နေ့တိုင်း ကုသိုလ်၊ ပညာ တစ်ခုခုတော့ ယူပါ။ အဲဒီလိုမျိုး မှာချင်ပါတယ်။ ပြောချင် ပါတယ်။ နောက်ပြီးတော့ ကုသိုလ် လုပ်ခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးတွေ ကနေ နည်းနည်း ပဲဖြစ်ဖြစ်၊ ကိုယ်တတ်နိုင် သလောက် လှူခြင်းအားဖြင့် ကိုယ်ကိုယ်တိုင် လည်းစိတ်ချမ်းသာ သလိုသူများ လည်း စိတ်ချမ်းသာပါတယ်။ အဲဒါ ကြောင့် ချစ်ပရိသတ်တွေ လည်း ကုသိုလ်လုပ်ဖို့ ပိုပိုကတော့ တိုက် တွန်းချင်ပါတယ်။ ပြီးတော့ ဘာသာ ရေးလည်း များများ လုပ်ဖို့၊ ပဋ္ဌာန်း ရွတ်ဖို့၊ မေတ္တာသုတ် ရွတ်ဖို့ ပို တိုက်တွန်းချင်ပါတယ်။ ပိုပို ကိုယ်တိုင် လည်း ပဋ္ဌာန်း တို့၊ မေတ္တ သုတ်တို့ ရွတ်ခြင်း အားဖြင့် ကံတွေပို ကောင်း လာတယ်။ အဲဒါကြောင့် ပိုပို ကုသိုလ် ရသလို ချစ်ပရိသတ်တွေလည်း ကုသိုလ်ရအောင် လမ်းညွှန်ပေးတာ ပါ။ ချစ်ပရိသတ်တွေ အားလုံးကို လည်းကျေးဇူး တင်ပါတယ်” လို့ပြော ပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here