ကျားကောင်ရေလျော့နည်း မသွားစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ

0
117

Hlaing-Oo-Maw

သစ်တောဦးစီးဌာနနှင့် WCSတို့  ပူးပေါင်းရေးဆွဲသော နိုင်ငံအဆင့် ကျားထိန်းသိမ်းရေးစီမံချက်(၂ဝဝ၃)ကို လက်ရှိအခြေအနေနှင့် လိုက်လျော ညီထွေ ပြင်ဆင် ရေးဆွဲနိုင်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်း အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ၂ဝရက်က မုံရွာမြို့ ဝင်းယူနတီ ဟိုတယ်ခန်းမတွင် ကျင်းပ သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျားသတ္တဝါများ တွေ့နိုင်သေးသည့် ဒေသများမှဆက်စပ်သူများ၊ ကျားထိန်းသိမ်းရေးစီမံချက်ကို အကောင်အထည် ဖော်ဆောင်နေသည့်သစ်တောဦးစီးဌာနနှင့်ဆက်စပ်ဌာနများ အဖွဲ့အစည်းများ တက်ရောက်ပြီးလက်ရှိကျားကောင်ရေလျော့နည်းမသွားစေရေး ရေရှည် တည်တံ့စေရေးအတွက် တွေ့ကြုံနေရသည့်အတားအဆီးများ ရင်ဆိုင်တွေ့ကြုံ နေရသည့်အခက်အခဲများနှင့် ကျော်လွှားနိုင်မည့်နည်းလမ်းများကို ပွင့်လင်း တက်ကြွစွာ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုး ရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံ တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။အလုပ်ရုံဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအတွင်းရှိနေသေး သည့် အနည်းငယ်မျှသော ကျားအရေအတွက်ကို ထိပါးခံရမည့်အရေး စိုရိမ် ကြီးစွာဖြင့် မိမိနယ်ပယ်အလိုက် တွေ့ ကြုံရသည့်အတားအဆီးများ အခက် အခဲများ ကျော်လွှားနိုင်မည့်နည်းလမ်းများကိုအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တိုင်းဒေသကြီး၊ ဥပဒေရေးရာရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ အစရှိသောဆက်စပ်ဌာနအဖွဲ့အစည်းများတက်ကြွစွာပါဝင်ဆွေးနွေးအမြင် ချင်းဖလှယ်ခဲ့ကြသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here