မျက်လှည့်လောကမှာတော့ တကယ်ကြိုးစားတဲ့ လူတွေအနေနဲ့ နာမည်ရအောင်မြင်မှုတွေရရှိနေကြ သလို ကြိုးစားမှုဆိုတာကလည်း ဥာဏ်လေးလည်း ပါမှဖြစ်မှာ ဖြစ်ပြီး ဥာဏ်မပါဘဲနဲ့ ကြိုးစားနေရင်လည်း ခရီးက ထင်သလောက်ရောက်မှာ မဟုတ်ကြောင်း မျက်လှည့်ပညာရှင် စက္ကောမက ပြောပါတယ်။ “တချို့လည်းကြိုးစားနေဆဲပေါ့။ နေရာတော့ မရသေးဘူး။
အချိန်တန်ရင်တော့အောင်မြင်မှာပါ။အောင်မြင်မှုနဲ့အတူ သူတို့ရဲ့မိသားစု ဘဝအဆင်ပြေ မှာပါ။ ကြိုးစားပါ။ ကြိုးစားရင်ပရိသတ်ဆိုတာ အလိုလိုနေရင်း ပါလာမှာပါ။ လူလူချင်းပိုက်ဆံပေး ကြည့်ရတယ်ဆိုတာ မကြိုးစားထားဘဲနဲ့တော့ ဖြစ်မ လာပါဘူး။ အချိန်တန်ကျတော့ ဇာတ်ခုံလေး ဖြစ်တော့ မှ ဇာတ်ခုံပေါ်တက်ပြီး သီချင်းလေးဆိုချင်တယ်။ တက် ကချင်တယ်။ လူအထင်ကြီးခံချင်တယ်။ မျက်လှည့် လေးပြချင်တယ်။ အဲဒီလိုမရပါဘူး။ ကြိုးစားထားမှ လူလူချင်း စိတ်ဝင်တစားနဲ့ကြည့်မယ်၊ လက်မှတ်ဝယ် ကြည့်မှာလေ။ ဒါကြောင့် ကြိုးစားပါလို့ပဲ ပြောချင်ပါ တယ်”လို့ မျက်လှည့်ပညာရှင်စက္ကောမက ပြောပါတယ်။
နည်းစနစ်ပိုင်းနဲ့ ကြိုးစားမှုအပိုင်းမှာတော့ နိုင်ငံတကာနဲ့ယှဉ်လို့ရပြီး လိုအပ်တဲ့ ပစ္စည်းပိုင်းမှာတော့ နည်းနည်းလိုအပ်ချက်ရှိနေကြောင်း သူကဆက်ပြောပါတယ်။မျက်လှည့်ပညာရှင် စက္ကောမအနေနဲ့ မျက်လှည့်ပညာရပ်နဲ့ပတ်သက်လို့ စာအုပ်၈ အုပ်အထိ ရေးသားထုတ်ဝေခဲ့ပြီးပြီဖြစ်ပြီး နောက်ထပ်လည်း စာအုပ်၂ အုပ် ထပ်မံရေးသားလျက်ရှိနေကြောင်း သိရ ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း သူက..
“မျက်လှည့် ဆရာတွေသုံးတဲ့ ပန်းတွေအကြောင်း ရေးနေပါတယ်။ဥပမာ-တစ်ရှူးလေးမီးရှို့လိုက်တယ်။ ပန်းပွင့်လေးဖြစ်သွားတယ်။ ကျွန်တော်တို့မျက်လှည့် ဆရာသုံးတဲ့ပန်းတွက သီးသန့်ပန်းတွေပါ။ အဲဒီ့ပန်း တွေအကြောင်း ကျွန်တော် ရေးထားတယ်။ အဲဒီ့စာအုပ် နာမည်က မှော်ဝင်ပန်းပေါ့။ မကြာခင်ထွက်တော့မှာ ပါ”လို့ ပြောပါတယ်။
မျက်လှည့်ပညာရှင် ဦးစက္ကောမက ဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေး ကော်မတီမှာ ဒုတိယဥက္ကဋ္ဌ(၁)အနေနဲ့ တာဝန်ထမ်း ဆောင်လျက်ရှိပါတယ်။
လင်းအက္ခရာ