၂လခွဲအတွင်း ပေါင် ၅ဝနီးပါး ဝိတ်ချခဲ့တဲ့ J.Fire

0
593

jfire

၂လခွဲအတွင်းမှာ ပေါင် ၅ဝနီးပါး ဝိတ်ချနိုင်ခဲ့တဲ့ ဟစ် ဟော့ပ်အဆိုတော် J.Fire ရဲ့ သတင်းကလည်း စိတ်ဝင်စား စရာပါ။ ခန္ဓာကိုယ်ဝတဲ့သူတိုင်း ဝိတ်ချချင်ကြတာထုံးစံပါပဲ လို့ဆိုတဲ့ J.Fire က “ကျွန်တော့်လိုဝတဲ့သူတိုင်းက ဝိတ်ချချင်တဲ့ သူတွေချည်းပဲလေ။ ဒါပေမဲ့ ချတိုင်းလည်း အဆင်မပြေဘူး။ အဲဒီ အချိန်မှာ ဘောလိဝုဒ်က မင်းသားအမရာခန်းကို သွားမြင်တယ်။ ရုပ် ရှင်တစ်ကားရိုက်ကူးဖို့ ခန္ဓာကိုယ်အလေးချိန်ကို ၆လတင်တယ်။ ၆လပြန် ချတယ်ဆိုတော့ သူအသက် ၄ဝကျော်၊ ၅ဝအရွယ်ကြီးတောင်မှ အဲဒီလိုလုပ် လို့ရနေရင် ကျွန်တော်တို့ ၂၄နှစ်အရွယ်ဆို ပိုပြီးတော့တောင်မှ အဲဒီလို လုပ်လို့ရတယ်ဆိုတာတွေးမိပြီး ချဖြစ်တာပါ”လို့ ဆိုပါတယ်။

ဝိတ်ချနေစဉ်အတွင်း ထမင်းကို စတီးဇွန်းနဲ့ ၄ဇွန်းပဲစားတာမျိုး၊ အသားပြုတ်၊ အရွက်ပြုတ်တွေကိုပဲ စားတာမျိုးတို့ကို လုပ်ဆောင်ကြောင်းလည်း  J.Fire  က ပြောပြပါတယ်။ သူ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရလဲဆိုတာကိုတော့…

“မန္တလေးက Fitness Club တစ်ခုကို Join  လိုက်တယ်။ Join  ပြီးတော့ တစ်ရက်ကို ကျွန်တော် Training  ၆နာရီလုပ်တယ်။ မန္တလေးတောင်ကို တက်တယ်။ ရိုးရိုးတက်တာ မောလာရင် ၁ဝ ကီလိုဂရမ်ရှိတဲ့ သဲအိတ်ကိုထမ်းပြီးတက်တယ်။ အဲဒီလိုတွေ Training လုပ်လာတော့ ၂လခွဲအတွင်းမှာ သိသိ သာသာကြီးပြောင်းလာခဲ့တယ်။ သင်တန်းကလည်း ဆုတွေပေးပါတယ်။ ကျွန်တော် အရင်တုန်းက ပေါင် ၂၄ဝ လောက်ရှိခဲ့တာ အခုဆိုပေါင် ၁၉ဝ နီးပါးလောက်ပဲ ရှိတော့တယ်”လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here