စင်ကာပူမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် ဆောင်းဦးလှိုင်

0
274

Saung-Oo-Hlaing

 ဆောင်းဦးလှိုင်က အောက်တို ဘာလ ၁ရက်နေ့ စင်ကာပူမှာ  တစ် ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မှာဖြစ် ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ သီချင်း အားလုံး၃၅ပုဒ်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိတ်ဆွေတွေ ပရိသတ်တွေနဲ့ တွေ့ချင်စိတ်တွေ ပြန်ဖြစ်လာနေ တယ်ဗျာ။ဆိုချင်တဲ့ သီချင်း၊ ပြော ချင်တဲ့ စကားတွေ အများကြီးရှိနေ တယ်။ တအားကြီးမအို၊ မနာခင် အချိန်လေး တွေ့ဆုံကြရအောင် လာ ရောက်အားပေးကြပါ။ ကျွန်တော်တို့ ဘဝမှာ မှတ်တမ်းလေးတစ်ခု ရေး ထိုးချင်တဲ့ဆန္ဒကြောင့် ပွဲ Organizer တွေလည်း အလုပ်တွေ တော်တော် ရှုပ်ကြရတယ်။ ဆိုမယ့်သီချင်း အားလုံး စင်ကာပူမှာစိစစ်ရေးတင် ရတယ်။စက်ငှား၊ ခန်းမငှား၊ လူစု၊ စင်ကာပူဟာ စရိတ်ကြီးလှတာမို့  အရင်းပြန်ရအောင် ကျွန်တော်တို့  အတော်ကြိုးစားနေကြပါတယ်။ကျွန်တော် အနုပညာကြေးမတောင်း ခဲ့ပါ။ စင်ကာပူက မိတ်ဆွေ၊ ပရိသတ် များနဲ့ ပျော်ရွှင်စွာတွေ့ဆုံသီဆိုနိုင် ရေးအဓိကပါ။ မည်သူ့ကိုမျှ ဒုက္ခ မ ပေးချင်ပါသော်လည်း အတိုင်းအတာတစ်ခုအထိ အားပေးကြမယ်လို့ ယုံကြည်မိပါတယ်” လို့ တစ်ကိုယ် တော်ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဆောင်းဦးလှိုင်ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here