သွေးတိုးရောဂါကြောင့် ဝိတ်ချလိုက်တဲ့ အားတီ

0
155

Ar-T

အဆိုတော် အားတီကတော့ သူ့ရဲ့ တတိယအခွေထွက်ရှိပြီး Fallen & Past 12 ( Break My Bone) Music Video ကို လူငယ်ပရိသတ်တွေ အကြိုက်တွေ့အောင် ဖြန့်ချိခဲ့ပါတယ်။ အဆိုပါ Music Video တွေ ပြင်ဆင်ခဲ့တဲ့ အကြောင်းကိုတော့ အားတီက…

အခုလတ်တလောမှာ ကျွန် တော် ဧပြီလမှာ Fat House ဆိုတဲ့ တတိယ အခွေထွက်ပြီ။ အခု Fallen & Past 12 ( Break My Bones) သီချင်းလေး ထွက်ထားပါတယ်။ အဲဒါကိုလည်း FG Entertainment မှ Music Video အနေနဲ့ တင်ထားပါတယ်။ Break My Bones သီချင်း လေးက ပရိသတ် အားပေးမှုတွေ လည်း ရထားပါတယ်။ ဒီသီချင်းလေး က  FG Entertainmentရဲ့ ကြိုးစား အားထုတ်မှုလည်း ပါတယ်။ ကျွန်တော်လည်း အရမ်းကြိုးစား ထားပါတယ်” လို့ ပြောပါတယ်။

အရင်တုန်းကဝပြီး အခုပိန်တဲ့ အားတီက သူဘယ်လိုကြောင့် ဝိတ်ချခဲ့တယ်ဆိုတာကိုတော့ “ကျွန်တော်ရဲ့ အခုပုံစံက အရမ်းပိန်သွားသလို ဖြစ်သွားတယ်။ ဝိတ်ချလိုက်တာကလည်း သွေးတိုး ရောဂါရှိလို့ပါ။ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ကျွန်တော်နဲ့ စာချုပ်ချုပ်ထားတဲ့ Gym ကပဲ ပြောပါလိမ့်မယ်။ အဓိကက အစားအသောက်နဲ့ လေ့ကျင့်ခန်း နှစ်မျိုးစလုံး ပါပါတယ်။ အရင် တုန်းက ဝတာကလည်း ပိန်ချင်တယ်ဆိုပြီး မဖြစ်ခဲ့ဘူး။ အခုက ရောဂါနဲ့မို့ ဝိတ်ချခဲ့တာပါ။ ဝနေ တဲ့သူတွေလည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိနေရင် ဝိတ်ချစရာ မလိုဘူး။ ကျန်းမာရေးကြောင့် ဆို ရင်တော့ချပေါ့။ ကျွန်တော် အရင်ဝတုန်းကဆိုရင် ကျွန်တော့်မှာ ဆောင်ပုဒ်ရှိတယ်။ ‘ ဝ တယ်။ ဒါပေမဲ့ မိုက်တယ်’ ။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ခံယူထားတယ်” လို့ ဆိုပါတယ်။အားတီက သီချင်းတွေလုပ်ရင်း တခြားစီးပွားရေးတွေ လုပ်ဖို့ စိတ်ကူးနေပြီကြောင်း   သိရ ပါ တယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here