အမှုဆောင် တစ်ယောက် အနေနဲ့သာ ပါဝင် အားဖြည့်သွားမှာပါ ထွန်းအိန္ဒြာဗို

0
306

Tun-Eaindraboမြန်မာရုပ်ရှင် အစည်းအရုံး ၂ဝ၁၈ ခုနှစ် အတွက် အလုပ်အမှုဆောင် သစ်များ ရွေးချယ်ပွဲမှာ သရုပ်ဆောင် အလွှာကနေ ရွေးချယ် ခံဖို့ ပါဝင်နေတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က အရွေးချယ်ခံ ရဖို့အတွက် မမျှော်လင့်ထားဘဲ ပါဝင်အားဖြည့်ဖို့ အတွက်ပါပဲလို့ ပြောပါ တယ်။

“အဲဒါက ကျွန်မအရွေးခံဖို့ ဆိုတာထက် ပါဝင်အားဖြည့်ဖို့ပါပဲ၊ အရွေး ခံမယ့်သူတွေ သီးသန့် ရွေးချယ်ကြမှာပါ။ ကျွန်မက ခေါင်းဆောင်နိုင် တဲ့ အရည်အချင်း မရှိဘူးဆိုတာ လူတိုင်း သိတဲ့အတွက် ကျွန်မက EC တစ်ယောက် အနေနဲ့တော့ ကျွန်မတို့ လောက အတွက်ပါဝင်ခွင့် ရမယ် ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ ရည်ရွယ်ပါတယ်။ ကျွန်မအရွေး ခံရမယ်လို့ မမျှော်လင့်တာ မဟုတ်ဘူး။ သေချာပါတယ်။ အရွေးခံရမှာ မဟုတ်ပါဘူး။ ပါဝင်အားဖြည့် ဖို့ပါပဲ။ အဓိကတော့ အရေးတကြီး မဲခွဲကြတဲ့အချိန်မှာ ကျွန်မသိတဲ့  view ကနေ ဆွေးနွေးဖို့ပဲ ရှိပါတယ်။ တခြားအရည် အချင်းကတော့ တော်တော်နည်းပါ တယ်။ စတင် ဦးဆောင်ဖို့ လည်း တော်တော် အရည် အချင်း နည်းပါတယ်” လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ နေရာမှာ ဘယ်လို လူမျိုးကို ဖြစ်စေ ချင်လဲ လို့သူ့ရဲ့သဘော ထားကိုမေး ကြည့်တော့

“ဘယ်သူဖြစ်သင့်တယ် လို့ သတ် မှတ်ရ ခက်ပါတယ်။ ဒါအားလုံးက ဒီလောကကောင်းဖို့ အတွက် ဆိုတဲ့ စိတ်ကို အရင်းခံပြီး ဒီနေရာကို ကြိုး စားပြီး အလုပ် လုပ်ကြတာပေါ့။ လုပ်ကိုင်ရတဲ့ အခါမှာ တကယ် တွေ့ကြုံ ရတဲ့ အခက်အခဲတွေ လည်းရှိတယ်။ ကာယကံရှင် ရဲ့ဆုံး ဖြတ်နိုင်စွမ်းတွေ လည်းရှိမယ် ဆိုတော့ သတ်မှတ် ဖို့တော့ ခက်ပါတယ်” လို့ပြော ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ကလတ်တ လောမှာ အဆိုတော် အောင်ထက်နဲ့ ကိုယ် ပိုင်သံစဉ် သီချင်း တစ်ပုဒ် သီဆိုဖို့ပြင် ဆင်နေပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here