ဆုငွေ ကျပ်သိန်းတစ်ထောင်နဲ့  အတူ Galaxy Star Winner ဆုကို နေမင်းအိမ် ရရှိ

0
309

NayMinEainGalaxy Star သီချင်းဆိုပြိုင် ပွဲက တော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ဖိုင်နယ်ကိုတော့ ပြိုင်ပွဲနှစ်ဦးဖြစ်တဲ့ နေမင်းအိမ်နဲ့ Key တို့နှစ်ဦးက တက်ရောက် ခဲ့ပြီး ပြိုင်ပွဲဝင် နေမင်း အိမ် က Winner ဆုကို ရရှိခဲ့ပြီး ဆုငွေကျပ် သိန်းတစ်ထောင်နဲ့ တေး စီးရီးတစ်ခွေ ထုတ်လုပ်ခွင့်တို့ ရရှိခဲ့ ပါတယ်။ မြန်မာပြည်သီချင်း ဆိုပြိုင် ပွဲသက်တမ်း တစ်လျှောက် ဆုကြေးအ မြင့်ဆုံး ပြိုင်ပွဲတစ်ပွဲလည်း ဖြစ်သလို ကိုရီးယား  K-pop Producer တို့ ရဲ့ လေ့ကျင့်မှုတို့ပါ ပါဝင်ခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူ နေမင်းအိမ် ကတော့ ကိုရီးယားနိုင်ငံ မှာ တေးစီးရီးတစ်ခွေ ထုတ်ဝေခွင့် ရမှာလည်း ဖြစ်သလို ကိုရီးယား ရုပ်သံ စင်မြင့်တွေမှာလည်း ပါဝင်ခွင့် ရမှာ ဖြစ်ပါတယ်။

“ဒီနေ့ Live စင်မြင့်ထိ လာ ရောက် အားပေးကြတဲ့ ကျွန်တော်နဲ့ Key  ကို ချစ်ကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့ ပြိုင်ပွဲ တစ်လျှောက် ကျွန်တော်တို့ကို ကူညီပေးခဲ့တဲ့ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ပွဲစဉ် တစ်လျှောက် Voting  တွေ ပေးခဲ့ ကြတဲ့ ပရိတ်သတ်ကြီး အားလုံးကို ကျေးဇူး တင်ပါတယ်။ ကျွန်တော့်လို အပ်ချက်တွေကို ထောက်ပြအကြံပေး ခဲ့တဲ့ ဒိုင်လူကြီးမင်းများ အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်” လို့  အနိုင်ရရှိ ခဲ့သူ နေမင်းအိမ်က ပြော ပါတယ်။ Galaxy Star ပြိုင်ပွဲရဲ့  Winner ဖြစ်ခဲ့တဲ့ နေမင်းအိမ်က ပြိုင်ပွဲ မဝင်ခင်မှာလည်း သူငယ်ချင်း များနဲ့အတူ Nothing Forget it ဆိုတဲ့ Metal Band ကို ဖွဲ့စည်းကာ ဂီတ အလုပ်တွေပြုလုပ်နေသူ ဖြစ်ပါ တယ်။

P054


LEAVE A REPLY

Please enter your comment!
Please enter your name here