ရွှေခေါက်ဆွဲ လုပ်ဖြစ်ခဲ့ပုံ အကြောင်း လင်းဇာနည်ဇော် တို့ ညီအစ်မနှစ်ဦးပြော

0
184

LZNZလင်းဇာနည်ဇော် နှင့် ချစ်ချစ်ဇော်တို့ ညီအစ်မ နှစ်ဦးက အနုပညာ အလုပ်တွေရဲ့ အားလပ်ရက် တွေမှာတော့ အလှူပွဲ၊ မင်္ဂလာပွဲများ အတွက် ရွှေခေါက်ဆွဲကို အော်ဒါ လက်ခံပါတယ်။ အခုလို စလုပ်တဲ့ အတွက် တစ်နေ့ကို အော်ဒါ တစ်ပွဲသာ လက်ခံ ဖြစ်နေကြောင်း ချစ်ချစ်ဇော်က

“အစ်မက အစတုန်းက အုန်းနို့ခေါက်ဆွဲတို့၊ ရွှေခေါက်ဆွဲ တို့ ဆိုင်ဖွင့်ချင်တာ။ ဆိုင်ခန်းတွေ လိုက် ရှာသေးတယ်။ ကြာပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ် လောက်က။ အခုလုပ်ဖြစ်သွားတာက သြစတေး လျက အစ်မ သူငယ်ချင်း တစ်ယောက်က ဒီကိုခဏ လာရင်းနဲ့ သူ့ရဲ့ပွဲတစ်ပွဲမှာ ဝင်ပြီးတော့ ချက်ခိုင်း တယ်။ အစ်မ ရွှေခေါက်ဆွဲကို ချက်ပေး လိုက်တယ်။ အဲဒီတုန်းက အစ်မ ဖေ့ဘုတ်စ်ပေါ် တင်လိုက်တာ။ အဲဒီကစပြီး အော်ဒါတွေ တအားမှာကြတယ်။ ဆက်တိုက်ပဲ။ အခုဆို တစ်ရက်မှ မအားဘူး။ အဲဒီလိုနဲ့ လုပ်ဖြစ်သွားတာပါ။ တကယ်စီစဉ် နေ တုန်းက လုပ်မယ်ဆိုပြီး မလုပ် ဖြစ်ဘူး။ တစ်ခါ တလေ ဆိုရင် အော်ဒါ တစ်ရက်ထဲမှာ နှစ်ဦးသုံး ဦးတွေဆုံတယ်။ အစ်မတို့က အခုမှ စလုပ်တာ ဆိုတော့ ချက်တာလည်း အစ်မကိုယ်တိုင် ချက်တာ ဆိုတော့ တစ်နေ့ကို အော်ဒါတစ်ပွဲပဲ လက်ခံဖြစ် သွားတယ်။ ဆိုင်ဖွင့်ဖို့တော့ အစီအစဉ် မရှိသေးပါ ဘူး”လို့ ပြောပါတယ်။ သူတို့ညီအစ်မနှစ်ဦး ပြု လုပ်တဲ့ခေါက်ဆွဲ ကိုအများက ရွှေတောင် ခေါက်ဆွဲ လို့ ထင်ကြပေမယ့် သူတို့အနေနဲ့ ရွှေတောင် ခေါက် ဆွဲအရသာနဲ့တူအောင်လုပ်ပြီး ရွှေခေါက်ဆွဲလို့သာ အမည်ပေးထားကြောင်း ချစ်ချစ်ဇော်က ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here