Music က ဘဝလို့ ခံယူထားတဲ့ ၀ိုင်းလေး

0
253

w

အဆိုတော် ဝိုင်းလေးက အခု လတ်တလောမှာ Online မှာဖြန့်ထားတဲ့ သီချင်းကို ရိုက်ကူးနေပါတယ်။ အဆိုပါ Music Video ကိုလည်း ပရိသတ်တွေ အကြိုက်တွေ့အောင် ရိုက်ကူးနေကြောင်းကိုတော့…

အခုလတ်တလောက ဝိုင်းလေးရဲ့ အသစ်ထွက်ထားတဲ့ ‘ လမ်းခွဲရင် ကောင်းမယ်’ အခွေအတွက် Music Video ရိုက်နေပါတယ်။ အဲဒါကကျတော့ စက်တင်ဘာလကုန်လောက်မှာ ထွက်ဖြစ်မယ်။ ဒီ Music Video ထွက်ရှိလာရင် ပရိသတ်တွေကြိုက်ကြမှာပါ”လို့ ပြောပါတယ်။

Miss တစ်ယောက်မကောင်း တာနဲ့ Miss အားလုံးမကောင်းဘူးလို့ မြင်ကြတဲ့အတွက် ကိုယ်ကောင်းအောင်ကြိုးစားပြီး ဖြူဖြူစင်စင်နေရမယ့် အကြောင်းကိုလည်း အခုလိုပြောပြ ခဲ့ပါ တယ်။

တချို့တွေက Miss ပြိုင်ပွဲ လေးနည်းနည်းလေး ပြိုင်ပွဲ ဝင်ပြီးရင် သူတို့ကိုယ်သူတို့     Miss ဆိုပြီး Sexy ပုံတွေရိုက်ကြတယ်။ အဲဒါကလည်း ငါးခုံးမတစ်ကောင် ကြောင့် တစ်လှေလုံးပုပ်ဆိုသ လိုပဲ၊ ကျန်တဲ့Miss တွေမှာလည်း ဂုဏ် သိက္ခာ ထိခိုက်တယ်။ ဒါကတော့ နေရာတိုင်းမှာရှိတယ်။ အနုပညာ ရှင်ဖြစ်နေတဲ့အတွက် Miss တစ်ယောက်မကောင်းတာနဲ့ Miss အားလုံးကိုမြင်မိကြ တယ်။ဒါပေမဲ့အဓိကက တော့ ကိုယ် ကောင်းအောင် ကြိုးစားမယ်။ ဖြူဖြူစင်စင် ကြိုးစားရင်ခွဲထွက်သွားမှာ ပါ”လို့ ပြောပါတယ်။

Music က ဘဝလို့ မှတ်ယူထားတဲ့ ဝိုင်းလေး က  Music ကို အသက် ရှင်နေသရွေ့ ဆက် လုပ်သွားဖို့ရှိပြီး ဒုတိ ယမြောက် တေးစီးရီးကို လည်း၂ဝ၁၇ နှစ်ကုန် လောက်မှာ ထွက်ရှိဖို့ရှိ ကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here