နောက်ထပ်အိမ်ထောင်ပြုတော့မယ့် Jung Gyu-woon

0
199

jung-gyu-woon_1459334177_af_org

မင်းသား Jung Gyu-woon က စက်တင်ဘာ ၃ဝ ရက်နေ့မှာ တက္ကသိုလ်ကျောင်း သူလေးနဲ့ လက်ထပ်တော့မှာပါ။ သူတို့တွေက ချိန်းတွေ့နေတာ ၁ နှစ်ကျော်ပြီဖြစ်ပြီး မင်္ဂလာဆောင်ကိုလည်း ခင်မင်သူတွေနဲ့ပဲ ပြုလုပ်မယ်လို့သိရပါတယ်။ မင်းသားဟာ ၂ဝ၁၆ ခုနှစ်က ပထမ အိမ်ထောင်နဲ့ ကွဲခဲ့ပြီး ဒါကတော့ ဒုတိယအိမ်ထောင်ပါ။ သူရဲ့ အေဂျင်စီက …

“မင်းသား Jung Gyu-woon က အိမ်ထောင်ပြုတော့မှာပါ။ သူရဲ့ သတိုးသမီးက အနုပညာကျောင်းကပါ။ မင်္ဂလာဆောင်ကိုလည်း ခင်မင်သူတွေနဲ့ပဲ သီးသန့်ပြုလုပ်မှာပါ။ သူတို့ ၂ ဦးရဲ့ အိမ်ထောင်ရေး သာယာဖို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ အခုလို စာထုတ်ပြန်ခဲ့ပါတယ်။မင်းသားဟာ MBC က ရိုက်ကူးနေတဲ့ “You’re Too Much ”” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here