ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံး သရုပ်ဆောင် သွားမယ့် အလှမယ် ထက်ထက်ထွန်း

0
161

Htet-Htet-Tunအလှမယ် ထက်ထက်ထွန်းက ဒါရိုက်တာ လွင်ဗို ရိုက်ကူးမယ့် “ချစ် ခြင်းစတုဂံ” ဆိုတဲ့ ဇာတ်လမ်းတွဲကို သရုပ်ဆောင်ခါရာနဲ့အတူ စက်တင် ဘာလမှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ထက် ထက်ထွန်းက လေယာဉ်မယ် အဖြစ် ပါဝင်သရုပ်ဆောင် ရမှာဖြစ်ပြီး ဇာတ်လမ်းလေးက အက်ရှင်ဒရာမာ ဇာတ်လမ်းလေး ဖြစ်တယ်လို့ သိရပါတယ်။ ထက်ထက်ထွန်းက  Cham ဇာတ်လမ်းတွဲ မှာတော့ ဧည့် သည်သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် ထားခဲ့ပြီး ဒီ ဇာတ်လမ်းတွဲ ကတော့ သူပထမဆုံး ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ အတွက် ပြင်ဆင်မှုကိုတော့ အလှမယ် ထက်ထက်ထွန်းက …

“အဲဒီဇာတ်လမ်းက အဓိကက ယိုးဒယားဇာတ်ကားကို ယိုးဒယား က ဇာတ်ညွှန်း ဆရာနဲ့ တရားဝင်ပြော ပြီး ယိုးဒယားက သူတို့   ဇာတ် ကား ပုံစံ ပြန်ရိုက်ပေးပါ ဆိုပြီး ပြောထားတော့ ဇာတ်လမ်း ပုံစံက တော့ သူတို့ ဇာတ်လမ်းပုံစံ သွားမယ်။ ဒါပေမဲ့ မြန်မာမှုဗားရှင်းနဲ့ ပြန်ပြီး ရိုက်မှာ ဆိုတော့ သူတို့ရဲ့ ဇာတ်ကားကို ပြန်လေ့လာဖို့တော့ စဉ်း စားထားတယ်။ ဒါပေမဲ့ ဇာတ်ကားက မတွေ့သေး ဘူးဖြစ်နေ တယ်။ အဲဒီကားပုံစံမျိုးပဲ ပြန်ရိုက်မှာဆိုတော့ ပြန်တော့ လေ့လာချင်တယ်။ တစ် ဖက်က ကြည့်ချင်သလို တစ်ဖက်ကလည်း မကြည့်ချင် ဘူး။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေ ပြန်လွှမ်းမိုး လာမှာစိုးလို့ ကိုယ်လုပ်နေတဲ့ အချိန် မှာလေ။ အဲဒီလိုမျိုးဆိုတော့ လေ့တော့လေ့လာမယ် ဒါပေမဲ့ ကိုယ့်ဘာ သာကိုယ်ပဲ ဇာတ်လမ်းကို အကောင်းဆုံး ဖတ်ပြီး ကာရိုက်တာ ဝင် အောင်တော့ Dress လေးတွေ စီစဉ်နေတယ်။ ကိုယ်ကိုယ်တိုင်က အက်ရှင်ဝင်လုပ်ရမှာ မရှိတော့ တအားကြီးတော့ Heavy မဟုတ် ဘူးပေါ့နော်။ လောလောဆယ်ဆယ် ရင်ခုန်မှု စိတ် လှုပ်ရှားမှု ကတော့ Scene ပေါ်ကျမှ ပိုသိလိမ့်မယ် ထင်တယ်။ အချိန်တွေ တော့ အများကြီး ပေးထားရမယ်။ ဒီကြား ထဲဘာမှ အလုပ်လုပ် လို့ မရဘူး။ ၂လ ခွဲ ၃ လလောက်က အချိန်ပေးရမယ်။ ဒီကြားထဲ မှာလည်း ဇာတ်လမ်းတွဲ အတွက်ကိုပဲ ပြင်ဆင်မှုတွေ လုပ်နေရမှာပါ” လို့ ပြင်ဆင်မှု အပိုင်းကိုပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲကို မြဝတီ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တဲ့ အတွက် မြန်မာတစ်နိုင်ငံလုံး ကကြည့်ရှုမယ့် ပရိသတ် များ လက်ခံနိုင်မယ့် ပုံစံမျိုးဖြစ်အောင် ကြိုး စားသွားမှာဖြစ်သလို ပထမဆုံးရိုက်တဲ့ ဇာတ် လမ်းတွဲမှာ သူ့ရဲ့ပြင်ဆင်မှုတွေကြောင့် တစ် စုံတရာ ထိခိုက်နစ်နာ သွားတာမျိုး မဖြစ်ရ အောင် ဂရုတစိုက်နဲ့လုပ်ဆောင်သွားရ မှာဖြစ်ကြောင်း ထက်ထက်ထွန်းက ပြော ပြလာပါ တယ်။

“အခုအချိန်မှာ မြန်မာနိုင်ငံက ပရိသတ်တွေက ဇာတ်လမ်းတွဲတွေ ကို ပိုအားပေးလာကြတယ်။ အဲဒီအ တွက် တာဝန်ကြီးတယ်။ ပြီးတော့ မြဝတီက ပြမှာဆိုတော့ မြန်မာ နိုင်ငံ တစ်နိုင်ငံလုံး နယ်စွန် နယ်ဖျားကပါ ကြည့်ကြရမှာ ဆိုတော့ ကိုယ့်ရဲ့ဝတ်စား ဆင်ယင်မှု အပိုင်းမှာ အဓိကပေါ့နော်။ အား လုံး တစ်တိုင်းတစ် ပြည်လုံး လက်ခံနိုင် မယ့်ပုံစံမျိုး။ ပြီးတော့ ရန်ကုန်လို မြို့ပြ နေ ရာက ကြည့်လို့ ရှိရင် လည်း တအားကို ရိုးရှင်း တဲ့ ပုံစံမျိုးလည်း မဟုတ်ရ အောင် ပြီးတော့ ကာရိုက်တာ ကို လည်းလိုက်ဖက်အောင် ဘက် စုံစဉ်းစားပေးရပါတယ်။ ဆင်ဆာတွေနဲ့ လည်း အဆင်ပြေအောင် စဉ်းစားပေး ရပါတယ်။ ကိုယ့်ရဲ့ အဝတ်အစား တစ်စုံ တစ်ခု ပြင်ဆင်မှုကြောင့် ဇာတ်ကားနဲ့ ကိုယ့်ဘေးက ဗခအသမ တွေ နစ်နာ သွား မှာလည်း စိတ်ပူတယ်။ အဲဒီ အတွက်အစစ အရာရာ ဂရုစိုက်ရပါ့မယ်” လို့ ပြောပြ ပါတယ်။ ဒီဇာတ်လမ်းတွဲကို ပြင်ဦးလွင်၊ တောင်ကြီးတို့နဲ့ ဘန်ကောက်မြို့တို့မှာ သွား ရောက်ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here