ရုပ်ရှင်ရွေးကောက်ပွဲမှာ သရုပ်ဆောင် အလွှာကနေ ဝင်ရောက် ရွေးချယ်ခံမယ့် ခန့်စည်သူ

0
208

K-Si-Thu

သရုပ်ဆောင်ခန့်စည်သူက မြန်မာရုပ် ရှင်အစည်းအရုံး ၂ဝ၁၈ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်ပွဲမှာ သရုပ်ဆောင် အလွှာကနေ ဝင်ရောက်ရွေး ချယ်ခံသွားမှာဖြစ်ပါတယ်။ ဒီအလုပ်အမှု ဆောင်သစ်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးကို ဝန်းရံပေးသွားမှာပါဆိုတဲ့ ခန့်စည်သူက…

“ရုပ်ရှင် အစည်းအရုံးမှာတော့ ကျွန် တော်က သရုပ်ဆောင်အလွှာကနေ ဝင်ပြီး အရွေးခံမှာပါ။ အရွေးခံရသည် ဖြစ်စေ၊ အရွေးမခံရသည် ဖြစ်စေ၊ အရွေးခံရရင်လည်း အတွင်းစည်းကနေ ကျွန်တော် တစ်ဖက်တစ် လမ်းကနေ ရုပ်ရှင်ရယ်၊ နောက်ပြီး ဗီဒီယိုကို ပြန်ရှင်သန်စေချင်လို့ ဝိုင်း ဝန်းကြိုးစားသွားမှာ ပါ။ အရွေးမခံရရင်လည်း အပြင်စည်းကနေ ဝိုင်း ဝန်းဝန်းရံသွားမှာပါ။ ဥက္ကဋ္ဌအနေနဲ့ အရွေးခံဖို့မဟုတ်ပါဘူး။ ကျရာနေရာမှာပဲ ရုပ်ရှင်အစည်းအရုံးကို ဝန်းရံမှာပါ”လို့ ပြော ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးရဲ့ အလုပ်အမှုဆောင်များနဲ့ ပတ်သက်ပြီး ခန့်စည်သူက…

“သူတို့လည်း တတ်နိုင်သလောက်တော့ လုပ်နိုင်သလောက်လုပ်တာပဲ။ ဒါပေမဲ့ တိုင်း ပြည်အခြေအနေက အဘက်ဘက်ကမတိုး တက်သေးတဲ့အချိန်မှာ ရုပ်ရှင်ကလည်း ချက်ချင်းကြီး တိုးတက်ဖို့ဆိုတာ သိပ်မလွယ်ကူ လှပါဘူး” လို့ပြောပါတယ်။ အခုအချိန်မှာ မြန် မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့ပတ်သက်ပြီး အကြံပြုရမယ်ဆိုရင် အစည်းအရုံးဝင်ကတ် တွေ ဖောင်းပွနေတဲ့အပေါ် ပြန်လည် စိစစ်စေ ချင်ပေမယ့် အခုအချိန်ကတော့ နည်းနည်း နောက်ကျသွားပြီလို့ ခန့်စည်သူက ဆိုပါတယ်။ လတ်တလောမှာ ခန့်စည်သူက ရွှေသံစဉ် ထုတ်လုပ်ရေးအတွက် ‘ကျွန်တော်ပြောရင် လွဲခဲတယ်’ ဗီဒီယိုဇာတ်ကားကို ရတနာဗိုနဲ့ ရိုက်ကူးခဲ့ပြီး ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ပြင် ဦးလွင်မှာ ဇာတ်ကား သွားရောက်ရိုက်ကူးဖို့  ရှိကြောင်းလည်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here