မိဘမဲ့ကလေးကျောင်း ဆောက်လုပ်လှူဒါန်းမယ့် ခိုင်နှင်းဝေ

0
217

Khing-Hinen-Wai

သရုပ်ဆောင် ခိုင်နှင်းဝေက သူကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့ ‘ပန်းရိုင်းမျက်ရည်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒီနှစ်ထဲမှာ အမြန်ဆုံးရုံတင် ပြသနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါ တယ်။ ဒီ’ပန်းရိုင်း မျက်ရည်’ ရုပ်ရှင်ဇာတ်ကားက  မိဘမဲ့ကလေးများရဲ့ ခံစားချက်တွေနဲ့သူတို့ ကြုံတွေ့ရတဲ့ဘဝတွေကို အများပြည်သူများသိရှိပြီး စာနာနားလည်ကူညီ ပေး နိုင်ဖို့အတွက် ထုတ်လုပ်ရိုက်ကူးခြင်း ဖြစ်ကြောင်း ခိုင်နှင်းဝေက ပြောပြပါတယ်။

“အစ်မကလည်း ပရဟိတလုပ်ငန်းလုပ်တဲ့အခါကျတော့ မိဘမဲ့ကလေး တွေ ၊ စွန့်ပစ်ခံရတဲ့ကလေးတွေ၊ လမ်းပေါ်ရောက်နေတဲ့ ကလေးတွေရဲ့ ခံစား ချက်တွေ သူတို့မှာဘယ်လိုဘဝမျိုးတွေ့ကြုံတွေ့နိုင်ရလဲဆိုတာမျိုးတွေကို ကိုယ်ချင်းစာတတ်ပြီးတော့ အများပြည်သူ သိအောင်ရယ်၊ နောက် ပြီး ဒီဇာတ်ကားလေးကို ကြည့်ခြင်းအားဖြင့် လည်း ပိုပြီးတော့ စာနာနားလည် ပေးတတ် ဖို့ရယ်  အဲဒါလေးကို မျှော်လင့်ပြီးတော့ ဒီဇာတ်ကားလေးကို ရိုက်ဖြစ်တာပါ။ အခုတော့ ဆင်ဆာကြည့်ဖို့တွေလုပ်နေ တာပေါ့နော်။ ဆင်ဆာကတော့ ၉လပိုင်း မှပဲ ကြည့်ဖြစ်မှာပါ။ ဒါပေမဲ့ အခုကတည်း က အစ်မတို့ဘက်က အဆင်သင့်ဖြစ်အောင်ပြီး တော့ရုံတင်ပြသဖို့အတွက်တွေကိုပါ လုပ်နေ တာပါတယ်”လို့ ပြောပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို ရုံတင်ပြသတဲ့အခါမှာ ရရှိလာတဲ့ အမြတ်ငွေရဲ့ ၅ဝ ရာခိုင် နှုန်းကို မိဘမဲ့ကလေးကျောင်း ဆောက်လုပ်လှူဒါန်း သွားမှာဖြစ် ကြောင်းကိုလည်း ခိုင်နှင်းဝေ”ကြည့်ရှုတဲ့ ပရိသတ်တွေ အနေနဲ့ ဒီဇာတ်ကားကို ကြည့် ချင်းအားဖြင့် ပရဟိတ အလုပ် ကို လုပ်သလိုလည်း ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အမြတ် အစွန်းငါးဆယ်ရာခိုင်နှုန်းကို မိဘမဲ့ကလေးကျောင်းဆောက် ဖို့အတွက် လှူဒါန်းသွားမှာဖြစ် တဲ့အတွက် ဒီဇာတ်ကားကို လာရောက်အားပေးခြင်းဖြင့် အလှူဒါနပြုလုပ်ရာလည်း ရောက်ပါတယ်။

 နောက်ပြီး ကလေးတွေအပေါ် မှာလည်း စာနာနားလည်ပေးရာ ရောက်သလို ကုသိုလ်လည်းရပါတယ်” လို့ လာရောက်ကြည့်ရှုကြမယ့် ပရိ သတ်များကုသိုလ်ရရှိနိုင်မယ့်အကြောင်း ကို ပြောပြခဲ့ခြင်း ဖြစ်ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here