ဇာတ်ပို့ ဇာတ်ရံကောင်း တစ်ယောက်ပဲ ဖြစ်ချင်တဲ့ ခင်မို့မို့အေး

0
364

Khin-moh-moh-aye

ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်မို့မို့အေးကတော့ အသက်အရွယ် ရလာတာနဲ့အမျှ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်ဖြစ်နေ ကြောင်း သိရပါတယ်။ သူမရဲ့ အသက်အရွယ်အရ ကာရိုက်တာ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့တာက…

“တီတီကတော့ ငါသည်ဒီ အခန်း၊ ဒီကာရိုက်တာကိုရမှ အလုပ်လုပ်မယ်။ မကြိုက်တဲ့ အခန်းတွေကို မရိုက်ဘူး ရယ်လို့ မသတ်မှတ်ထားပါဘူး။ တီတီက ဇာတ်ပို့ဇာတ်ရံကောင်း တစ်ယောက်ပဲ ဖြစ်ချင်တယ်။ ကျရာဇာတ်ရုပ်တွေ ရိုက် ကူးတယ်။ တီတီကို မကောင်းတဲ့ အခန်း၊ မကောင်းတဲ့မိန်းမအခန်း ရိုက်ကူးဖို့ လာခေါ်ရင်လည်း ပီပြင်အောင် ရိုက်ကူးပေးမှာပါ။ တီတီသည် အရက်နံ့ကို မကြိုက်သလို အရက်ကိုလည်း မနှစ်သက်ပါဘူး။ ဒါပေမဲ့ ဇာတ်ကားထဲမှာ အရက် ရောင်းတယ်။ အရက်ကြိုက်တဲ့ မူးတဲ့ ကာရိုက်တာလေးတွေ လုပ်ရတာရှိတယ်။ တီတီသည် ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကားရဲ့ အထောက်အကူပြုနိုင်ဖို့အတွက်ပဲ အဓိကထားပါတယ်” လို့ ပြော ခဲ့ပါတယ်။

သူမကတော့ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးထားပြီး နောက်ထပ်လည်း ဇာတ်လမ်း တွဲများ ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါ တယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အခါ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးရတာနဲ့ ကွာခြားမှုရှိပုံ အကြောင်းကို ပြောပြတာကတော့…..

“ဗီဒီယိုဇာတ်ကားတွေက ဆင်းနည်း တဲ့အခါကျတော့ အချိန်အတိုင်း အတာလည်း တိုတယ်။ မြန်လည်း မြန်တယ်ပေါ့။ ဇာတ်လမ်းတွဲက ကျတော့ အပိုင်း ခြောက်ဆယ် တို့ ဘာတို့ရှိတယ်။ ဇာတ် လမ်းတွဲက ရက်အများကြီး ပေးရတယ်။ နောက်ပြီး ဇာတ်လမ်းတွဲက စိတ် အကြာကြီး သွင်းထားရ တယ်။ လူတွေလည်း အများကြီး သုံးရတယ်။ ဒါပေမဲ့ ပြန်ကြည့်ရတဲ့အချိန် မှာ Quality လေးတွေ တွေ့ရတဲ့ အတွက် ဝမ်းသာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အခု လတ်တလောမှာ MRTV-4 နဲ့အတူ ဒါရိုက်တာ ပြည်သက်နိုင် ရိုက်ကူးတဲ့ “အရိပ်” ဇာတ် လမ်းတွဲမှာ  သူမက ပါဝင်သရုပ်ဆောင် နေပြီး နောက်ထပ်လည်း ရုပ် သံဇာတ်လမ်းတွဲများ ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here