အခြေခံ လူ တန်းစားနဲ့ ပိုက်ဆံရှိ ခရိုနီလူတစ်စုတို့ ရဲ့ ပဋိပက္ခဖြစ်ရပ်အကြောင်း ရိုက် ကူး မယ့် ရုပ် ရှင် ဇာတ် ကား ကန် တော့ ပွဲ

0
194

rsquare

R Square ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး  ဒါရိုက်တာ စတီးလ်  (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်မယ့်  ‘သခင်ကြီးနှင့် ငါးပိတို့ စရာ’ ရုပ်ရှင် ဇာတ်ကားကန်တော့ပေးပွဲကို သြဂုတ် လ ၂၄ ရက်နေ့ မနက် ၇ နာရီက ရွှေတိဂုံ ဘုရားအောင်မြေမှာ ပြုလုပ် ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ထွန်းကိုကို ၊ ထူးခြား၊ ရဲရင့်ထူး၊ မင်းခ၊ နေရဲ၊ သိန်းလင်းစိုး၊ ဇင်ဝိုင်း၊ နိုင်လူ၊ သက်မွန်မြင့် ၊ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

“ဒီဇာတ်ကားက အခြေခံ လူ တန်းစားနဲ့ ပိုက်ဆံရှိတဲ့ ခရိုနီလူ တစ်စုရဲ့ ပဋိပက္ခဖြစ်ရပ် အကြောင်းအရာလေးတွေကို အခြေခံပြီး ရိုက် ကူးသွားမှာပါ။ ဒီဇာတ်ကားက မင်းသမီးဇာတ်ဆိုပေမယ့်  မင်းသားထွန်းကိုကို ကိုခေါင်းဆောင်အနေနဲ့ ရိုက်ကူးပြီး ကျန် တဲ့လူငယ် လေးတွေပါမယ်။ မင်းသမီးဇာတ်ဆိုတော့ အပြောင်း အလဲ လည်းဖြစ်ချင်တယ်။ ဇာတ်နဲ့လိုက်ဖက်မယ့် သက်မွန်မြင့်နဲ့ ရွှေသမီးကို ရွေးလိုက်ပါတယ်။ ဒီဇာတ်ကားကနေ အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက မိန်းကလေးတွေပေါ့နော်။ ဥပမာပြောရရင်  အများ နဲ့တော့ မဆိုင်ပါဘူး။ တချို့မိန်းကလေးတွေပေါ့။ အမှိုက်ကစ မီးလောင်တတ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ အခု နိုက်ကလပ်တွေ ဖွင့်ထားတယ်။ အဲဒီကနေစတဲ့ ပြဿနာလေးတွေ ဖြစ်လာတယ်။ အဲဒီလိုကနေ နိုက်ကလပ်ဆိုတာ မကောင်းဘူးဆိုတဲ့အကြောင်းလေးတွေကို ချပြကာ အသိပညာပေးထားပါတယ်” လို့ ပြောပြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ -မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here