သဘင်က စီးဆင်းတဲ့အနုပညာသွေး

0
297

Thabin-2အနုပညာလောကမှာ အနု ပညာတာဝန်တွေကို မျိုးရိုး အစဉ်အဆက် လက်ဆင့် ကမ်း ယူ သွားကြတာတွေလည်း အ များကြီးပါ။ သဘင်လောကမှာ ဆို ရင် ပိုလို့တောင် များပြားပါသေး တယ်။ မျိုးရိုးကို ထိန်းသိမ်းရင်း အသစ် သစ်သော အနုပညာဖန်တီးမှု တွေ ကိုမျိုးဆက်သစ် တွေက ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။ သဘင့် ဦးသျှောင် ဂရိတ် ဦးဖိုးစိန် ဆိုရင်လည်း  နောက်ပိုင်း မျိုးဆက်တွေအကုန်လုံး က သဘင့် တာဝန်တွေကို ဆက်လက် ထမ်းဆောင် နေကြ သူ တွေချည်းပါ ပဲ။ အခုလက်ရှိမှာ ဆိုရင် စိန်မဟာ သဘင်ဇာတ်အဖွဲ့ကို ပြန်လည်ဦးစီးပြီး ကပြနေတဲ့ မင်းသား ဇံဟိန်းကလည်း ဂရိတ်ဦးဖိုးစိန်ရဲ့ မျိုးဆက်တစ်ဦး ပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီး အင်္လကာကျော်စွာ ရွှေမန်းတင်မောင် ရဲ့ မျိုးဆက်တွေ အားလုံးကလည်း အနု ပညာလောကမှာ အောင်မြင်ကျော် ကြားနေ ကြ တဲ့ အနုပညာရှင်တွေကြီး ပဲဖြစ်ပါတယ်။ ရွှေမန်းရဲ့ အသက်အ ငယ်ဆုံး အနုပညာရှင်လေး တစ် ဦး ဖြစ်တဲ့ မင်းရွှေရောင်တင် ဟာဆိုရင် လည်း လက်ရှိမှာ ပရိသတ်တွေရဲ့ အသည်း ကျော်လေးဖြစ်လို့နေခဲ့ပါပြီ။ သူဟာ၂ နှစ်ကျော် အရွယ်ကတည်းက ဖခင်ဖြစ်သူ နဲ့အတူ ဇာတ်ခုံပေါ်မှာ ကပြနေခဲ့တာ အခုဆိုရင် ၄နှစ်ကျော် ပတ်ဝန်းကျင်ထဲ ရောက်ရှိလို့ လာခဲ့ ပြီဖြစ်ပြီး ဇာတ်မင်းသားလို ကတတ် နေပြီ လည်းဖြစ်ပါတယ်။ ဖခင် ဖြစ် သူက လည်း သဘင်လောကမှာ အောင်မြင်ကျော်ကြားလျက် ရှိနေတဲ့ အနုပညာရှင် တစ်ဦးဖြစ်သလို သားဖြစ်သူ ကလည်း ငယ်ငယ်လေးနဲ့ အနုပညာတစ်ဦး အဖြစ်ကို ရောက်ရှိ လို့ လာခဲ့တာကလည်း ရွှေမန်း မိသားစုရဲ့ အနုပညာ ဗီဇကြောင့်လို့ လည်းဆိုရမှာပါ။ ဇာတ်မင်းသား ဝတ်စုံနဲ့တောင်ရှည် ဝတ်ရတာကို ပျော်ရွှင်နေတတ်တဲ့ မင်းရွှေရောင် တင်က သီချင်းတွေ ကိုလည်း နား ထောင်ပြီးတာနဲ့ ပြန်လည် သီဆိုနိုင်တဲ့ အရည်အချင်းလည်း ရှိလို့နေပါတယ်။

သူဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအ မွေကို ဆက်ခံရင်း ဇာတ်သဘင်စင်မြင့် ပေါ်မှာ ချစ်စဖွယ် ကပြရင်း မျိုးရိုး အမွေကို ဆက်လက် ထိန်းသိမ်းလို့ နေပါတယ်။ မင်းရွှေရောင်တင်ကို တော့ ဖခင်ဖြစ်သူ နဲ့မိခင်ဖြစ်သူတို့က ပညာတတ်ကြီးလည်း ဖြစ်စေချင်ကြ ပြီး ကျောင်းတက်တဲ့ အရွယ်မှာတော့ ဇာတ်ကပြမှုကို ခဏနားခိုင်းထားပြီး ကျောင်းစာကိုသာ အာရုံစိုက်စေမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ အခု အချိန်မှာတော့ မင်းရွှေရောင်တင် က Kg တန်းကိုတက်ရောက် သင်ကြား လျက်ရှိနေပြီး ကျောင်းစာပိုင်းကို လည်း မလစ် ဟင်းရလေအောင် မိဘ နှစ်ပါးက အနီးကပ် စောင့်ကြည့်လျက် ရှိပါတယ်။ နောင်တစ်ချိန်မှာတော့ သူဟာ အဘေးဖြစ်သူ ရွှေမန်းတင် မောင်လို အဘိုးဖြစ်သူ ဦးဆန်းဝင်း လို၊ ဖခင်ဖြစ်သူ တင်မောင်ဆန်းမင်းဝင်း လိုအောင်မြင်ကျော်ကြားတဲ့ သဘင်မင်းသားတစ်လက် ဖြစ်လာ တော့မှာလည်းဖြစ်ပါတယ်။ ရွှေမန်း သဘင်အကြောင်း ပြီးတဲ့နောက် မှာ တော့ ရွှေနန်း သဘင်အကြောင်း ဆက်ရေးချင်ပါတယ်။ ရွှေနန်းသဘင် မှာတော့ နန်းတော်ရှေ့ ဆရာတင် ကနေစတင်ကာ အခု လက်ရှိအချိန်မှာ တော့ သဘင်မင်းသား ဘွန်းအထိ အနုပညာ လက်ဆင့်ကမ်းနိုင်ခဲ့ပါ တယ်။ သဘင် မင်းသားဘွန်း ကတော့ မင်းသမီး ကြီးနန်းခင်မွှေးရဲ့သားကြီး တစ်ယောက်လည်း ဖြစ်သလို မင်း သားကြီး ဦးနန်းဝင်းရဲ့တူတစ်ယောက် လည်းဖြစ်သည် နဲ့အညီသူဟာ ငယ် စဉ်ကတည်းက အနုပညာပိုးပါခဲ့ပါ တယ်။

အဘိုးဖြစ်သူကလည်း သဘင် မင်း သားကြီး ဦးရွှေနန်းတင် ဆိုတော့ သူ ဟာမျိုးရိုးကို ဆက်လက်ထိန်း သိမ်းဖို့ တာဝန်ရှိလာခဲ့ပါတယ်။ မိခင်ဖြစ်သူ မင်းသမီးကြီး နန်းခင် မွှေးကလည်းသားနှစ်ယောက် ဖြစ်တဲ့ ဘွန်းနဲ့သွန်းကို သဘင်မင်းသား တွေ သာဖြစ်စေချင်ခဲ့ပါတယ်။ ဒီ အတွက် ကြောင့်လည်းသား နှစ်ယောက်စလုံး ကို ငယ်စဉ် ကတည်းက သဘင်နဲ့ ပတ်သက်တာမှန်သမျှကို သင်ကြား ပြသ ပေးခဲ့ပါတယ်။

“ဘွန်းကို ရည်ရွယ်တာကတော့ သူဟာပြည်သူ ချစ်သော အနုပညာ ရှင်ဖြစ်ရမယ်။ ဂါရဝတရား ရှိရမယ်။ အဲဒီ့ရည်ရွယ်ချက် နဲ့လည်း မောင်တင် မောင်ဆန်းမင်းဝင်း ဆီမှာ အပ်ထား ဖြစ်တယ်။ သားကလည်း လိမ်မာ တယ်။ သူလည်းကြိုးစားတယ်။ သူ့ကို လည်း မောင်ဆန်းမင်းတို့လိုမျိုး အောင်မြင်ကျော်ကြားတဲ့ မင်းသား တွေဖြစ်စေချင်တယ်” လို့ သားဖြစ် သူဘွန်း နဲ့ပတ်သက်လို့ သူ့ရဲ့ဖြစ်စေ လိုမှုအကြောင်းကို မိခင်ဖြစ်သူ မင်းသမီးကြီး နန်းခင်မွှေးက ပြောပါတယ်။

ဒါ့အပြင် နန်းတော်ရှေ့ဆရာ တင်ရဲ့ မျိုးဆက် တစ်ဦးဖြစ်တဲ့ သဘင် မင်းသားကြီး ဦးနန်းဝင်းရဲ့ သားဖြစ် တဲ့ သော်သော်နန်းဝင်း ကလည်း   အနုပညာပိုး ပါတယ်လို ဆိုရမှာပါ။    ကျောင်းကပွဲတွေမှာ မင်းသားလို ကပြ တာမျိုးတွေရှိပြီး သဘင်အစည်း အရုံး(ဗဟို) ကနေ တင်ဆက်ခဲ့တဲ့ သဘင်ညီလာခံ ဖျော်ဖြေပွဲမှာလည်း သဘင်မင်းသားငယ် တစ်ဦးအဖြစ် ကပြတင်ဆက်ခဲ့ပါတယ်။ ဖခင်က အောင်မြင် ကျော်ကြားတဲ့ အနုပညာ ရှင် တစ်ဦးဖြစ်တဲ့ အတွက် ဖခင်ကို အားကျကာ အနုပညာရှင် တစ်ဦး ဖြစ်ချင်တဲ့ စိတ်တွေလည်း သော်သော် နန်းဝင်းမှာ ရှိလို့နေမှာပါ။ ဒါ့အပြင် စံပြသဘင် အနေနဲလည်း မျိုးဆက် တွေကို ဆက်လက်လက်ဆင့် ကမ်း လာခဲ့ရာ အခုချိန်မှာတော့ ဟန်ဇာ မိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း တို့ အထိ အောင်မြင်မှုတွေ များစွာကို သိမ်းဆည်းထားနိုင်ဆဲ ဘဲဖြစ်ပါ တယ်။ ဒီမျိုးဆက်တွေကတော့ လက် လှမ်းမီရာတွေကို စုစည်းတင်ပြရေး သားလိုက်ရခြင်းပဲဖြစ်ပြီး တခြား သဘင် အနုပညာရှင်တွေရဲ့သား သမီးတွေကလည်း အနုပညာ လော ကမှာ အောင်မြင် ကျော်ကြားလျက် ရှိနေကြတာ အများအပြားပါပဲ။ ဒါကြောင့် လည်း မျိုးဆက်သစ် အနုပညာရှင်တွေ ကတော့မိခင်၊ ဖခင်ရဲ့ သဘင့်အနုပ ညာအမွေကို ဆက် လက် ထိန်းသိမ်းရင်း မြန်မာ့ ဇာတ် သဘင်ကို လက်ဆင့်ကမ်းသယ် ဆောင် သွားကြတော့မှာပဲဖြစ် ပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here