စက်တင်ဘာလထဲမှာ မလေးရှားနိုင်ငံကို ကြော်ငြာသွားရိုက်ကူးမယ့် ဆုမြတ်နိုးဦး

0
268

Su-Myat-No-Oo-(2)

အခုလတ်တလောမှာတော့ သရုပ်ဆောင်ဆုမြတ်နိုးဦးက ဂျာနယ် မျက်နှာဖုံးအတွက် ဓာတ်ပုံများ ရိုက်ကူးပေးဖြစ်နေပြီး စက်တင်ဘာလ အတွင်းမှာ တော့ မလေးရှားနိုင်ငံမှာ TVC သွားရောက်ရိုက်ကူးဖို့ရှိ ကြောင်း သိရပါတယ်။ ဒီရိုက်ကူးမှုမှာတော့ သူနဲ့အတူတူ ပိုင်ဖြိုးသု ၊ သျှားထွဋ်အိန္ဒြာ၊ အောင်ရဲထိုက် စတဲ့သရုပ်ဆောင်များ ပါဝင်ရိုက်ကူးရမှာ ဖြစ်ကြောင်းကို ဆုမြတ်နိုးဦးက ပြောပြပါတယ်။

မလေးရှားနိုင်ငံကို သွားရောက် ရိုက်ကူးမယ့် အစီအစဉ်နဲ့ ပတ် သက်ပြီး ဆုမြတ်နိုးဦးက “ဒီရိုက်ကူးရေးနဲ့ဆို မလေးက ၂ခေါက်ဖြစ်သွား ပြီပေါ့နော်။ အရင် တစ်ခေါက်တုန်းကကျတော့ ရန်ပုံ ငွေပွဲအတွက် သီချင်း ဆိုဖို့ သွားတာပေါ့နော်။ ဒီတစ်ခေါက်ကတော့ ရိုက်ကူးရေးပေါ့။ဒါက Iflix application version update လုပ်တဲ့ အကြောင်း TVC ရိုက်ဖို့ပါ။ ရိုက်ကူးရေးကတော့ ၃ရက်လောက် ဖြစ်မယ်။ ကိုယ့် ရဲ့ အနုပညာရှင် မောင်နှမတွေလည်း ၃၊ ၄ယောက် ပါတယ်ဆိုတော့ ရိုက်ကူးရေး ခရီးစဉ်ကတော့ ပျော်ဖို့ကောင်းမှာပေါ့နော်။ အတွေ့အကြုံတွေက လည်း အများကြီးရမှာပါ” လို့ ပြောပြပါတယ်။ ဆုမြတ်နိုးဦးက လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း တရုတ် နိုင်ငံကို YBS ကားကြော်ငြာသွား ရောက်ရိုက်ကူးခဲ့ပါသေးတယ်။ ဒီနှစ် ထဲမှာ ပြည်ပကို  ရိုက်ကူးရေးများ သွားရောက်ရိုက်ကူး နေရတဲ့ ဆုမြတ်နိုးဦး အနေနဲ့တွေ့ကြုံရတဲ့  အတွေ့ အကြုံများကို မေးမြန်းကြည့်တဲ့အခါမှာ …

“ပြည်ပအတွေ့အကြုံကတော့ မြင်သမျှ အကုန် အသစ်အဆန်းတွေ ချည်းပဲ။ တရုတ်တုန်းကဆိုရင် တရုတ်က လူဦးရေ တအားများတယ်။ ညီမတို့ကတော့ စက်ရုံကိုပဲ အဓိကသွားရိုက်ကူးရတာဆိုတော့ ကားထုတ်လုပ်တဲ့ အဆင့်ဆင့်ကို မြင်ခဲ့ရတယ်ပေါ့နော်။ အခုသွား ရိုက်ကူးရမယ့် မလေးမှာကလည်း ရိုက်ကူးရေးက ၃ ရက်တော့ ကြာမယ်။ ဘာတွေ ဘယ်လိုလုပ် မယ်ဆိုပြီးလေ့လာရေးတွေအတွက် အစီစဉ် ဆွဲထားတာတော့ မရှိသေးဘူး။ ရိုက်ကူးရေး အခြေအနေကိုကြည့်ပြီး လုပ်သွားရမှာ ပေါ့နော်။ ဒီခရီးစဉ်မှာလည်း အမှတ်တရတွေ အတွေ့အကြုံ အသစ် တွေ ရမှာပါ” လို့ ဆုမြတ်နိုးဦးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here